Politics, Law & Military2 minutes ago
မြန်မာနိုင်ငံက ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုအား အမည်မည်းစာရင်းထည့်သွင်း
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၃ ရက်တွင် ကြေညာခဲ့သည်။