North America7 years ago
အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးအဖြစ် ရောဘတ် အိုဘရီယန်ကို ခန့်အပ်မည်
ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဓားစာခံရေးရာ အဆင့်မြင့်တာဝန်ရှိသူ ရောဘတ် အိုဘရီယန် (Robert O’Brien) အား အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည်ဟု စက်တင်ဘာလ ၁၈ ရက်က ကြေညာလိုက်ကြောင်း သိရသည်။