နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က သြဂုတ် ၁၂ ရက်တွင် အအေးလွန်သည့်အဆင့်၌ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ကမ္ဘာမြေကြည့်ရှုလေ့လာရေးဂြိုဟ်တုလွှတ်တင်ခြင်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ISRO ဥက္ကဋ္ဌ K. Sivan က အတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းထုတ်လုပ်ပြီး တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော Vikrant အား နိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ကိုချီကမ်းရိုးတန်း၌ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။ Chamba, Kullu...
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၄၂,၀၁၅ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃၁,၂၁၆,၃၃၇ ဦး အထိမြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင်ဖော်ပြထားသည်။
နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပွားလာနိုင်သည့် COVID-19 တတိယလှိုင်းအား ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် လာမည့် ရက်ပေါင်း ၁၀၀ မှ ၁၂၅ ရက်သည် အရေးကြီးကြောင်း အိန္ဒိယဖက်ဒရယ်အစိုးရက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 တတိယလှိုင်းသည် ဩဂုတ်လကုန်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ ထိပ်တန်း ကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ ကူးစက်ရောဂါဗေဒနှင့် ကူးစက်ရောဂါများဌာန အကြီးအကဲ ဒေါက်တာ Samiran Panda က ဇူလိုင်...
နယူးဒေလီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အခြားသောပြည်နယ်များစွာ၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ကာကွယ်ဆေးပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။