နယူးဒေလီ ၊ မေ ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်၊ West Bengal ပြည်နယ်နှင့် မြို့တော် နယူးဒေလီ ဒေသများ တွင် မေလ ၁၃ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူ ၄၀ ကျော် သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း...
နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် တွင် မေ ၆ရက်က အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) တစ်ဦး သည် ၎င်း၏ ရိုင်ဖယ်သေနတ်ဖြင့် လုပ်ဖော်ကိုင်ဖက်စစ်သား ၃ဦးအား ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ ၊ မေ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်၌ တစ်နာရီလျင် မိုင် ၉ဝ နှုန်းဖြင့် တိုက်ခတ်နေသော လေပြင်းမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂ဝ ကျော် သေဆုံးပြီး ၆ဝ ကျော်ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ၊ ၎င်းမုန်တိုင်းသည် ပြည်နယ်အတွင်းရှိ ဒေသအများအပြားကို...
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် မြစ်တစ်ခု၌ လှေတစ်စီး တိမ်းမှောက်မှုကြောင့် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းများ ဆယ်ယူရရှိခဲ့ပြီး ယခုအချိန်အထိ လူ ၈ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသောနေရာများ၌ မိုးကြိုးထိမှန်ကာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသော ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းမှာပင် သေနတ်ပစ်ခံရပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။