Politics, Law & Military5 years ago
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းက ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။