Connect with us

Politics, Law & Military

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင်  ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

ဖမ်ဆီးရမိသော တရားခံနှင့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် ( ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

 

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းက ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဂိတ်တွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး စီးနင်းလာသည့် ၁၀ ဘီး ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးဂိတ်သို့မရောက်မီ ယာဉ်အားရပ်တန့်၍ ယာဉ်မောင်းဖြစ်သူသည် ကားလမ်း၏တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ဆင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်အားစစ်ဆေးရာ ယာဉ်၏ဆီဘောက်ဆာအတွင်းမှ ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့်ရှိသော အိုက်စ် ၁၆၀၀ ကီလိုဂရမ်ခန့်ကို ယာဉ်နောက်လိုက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်ဆီးရမိသော တရားခံ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်အား ကာလိနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)