Europe8 years ago
လုံခြုံရေး တိုးမြှင့်ရန် ပြင်သစ်နိုင်ငံရှိ အီဖဲလ်မျှော်စင်အား ဖန်တံတိုင်း ကာရံမည်
ပဲရစ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှု သတိပေးချက် တိုးမြှင့်လုပ်ဆောင်ရာတွင် အထင်ကရ အီဖဲလ်မျှော်စင်အား ဖန်သား တံတိုင်းရှည် ကာရံကာ လုံခြုံရေး မြှင့်တင်သွားမည် ဖြစ်ကြောင်း ပဲရစ် မြို့တော် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောကြားလိုက်သည်။