Connect with us

Europe

လုံခြုံရေး တိုးမြှင့်ရန် ပြင်သစ်နိုင်ငံရှိ အီဖဲလ်မျှော်စင်အား ဖန်တံတိုင်း ကာရံမည်

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်ရှိ အီဖဲလ်မျှော်စင်ရှေ့တွင် ပြင်သစ်စစ်သားတစ်ဦး ကင်းလှည့်နေစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှု သတိပေးချက် တိုးမြှင့်လုပ်ဆောင်ရာတွင် အထင်ကရ အီဖဲလ်မျှော်စင်အား ဖန်သား တံတိုင်းရှည် ကာရံကာ လုံခြုံရေး မြှင့်တင်သွားမည် ဖြစ်ကြောင်း ပဲရစ် မြို့တော် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောကြားလိုက်သည်။

ယခုကဲ့သို့ တံတိုင်းတည်ဆောက်လိုက်ခြင်းအားဖြင့် တစ်ချိန်တည်းမှာပင် မျှော်စင်ကို အသစ်ပြုပြင်ခြင်းနှင့် လုံခြုံရေး တိုးမြှင့်ခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ တံတိုင်းအား လက်ရှိ ကာရံထားသော သံတံတိုင်းများ နေရာ၌ အစားထိုးသွားမည် ဖြစ်ကြောင်း၊ အများပြည်သူဆိုင်ရာ နေရာဖြစ်သော Champs de Mars နှင့် Iena တံတားတို့မှလည်း သမိုင်းဝင်မြင်ကွင်းအား ပြင်သစ်နိုင်ငံသားများနှင့် ခရီးသွားများအား ပိုမိုကောင်းမွန်စွာ မြင်တွေ့ခွင့်ရရှိမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ပဲရစ် ဒုတိယ မြို့တော်ဝန် ဖရန်ဆွာမာတင်က ပြောကြားခဲ့သည်။

သို့သော် ယခု စီမံကိန်းသည် ပဲရစ်မြို့တော် အထိမ်းအမှတ်နေရာများ ထိန်းသိမ်းရေး ကော်မရှင်နှင့် ဂေဟစနစ် ဝန်ကြီးဋ္ဌာန ဝန်ကြီးတို့၏ ခွင့်ပြုချက် ရရှိရန် လိုအပ်နေသေးကြောင်း သိရသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပြီးနောက် ပြင်သစ်ရှိ အထင်ကရ အထိမ်းအမှတ်နေရာများအတွင်းနှင့် အနီးဝန်းကျင်၌ အဓိက လုံခြုံရေး တိုးမြှင့်ရန်အတွက် ယူရို သန်း ၃၀၀ (အမေရိကန် ဒေါ်လာ ၃၂၀.၁၀ သန်း) တန် စီမံကိန်းအား ကြေညာခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.