ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း မကြာမီ ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပါရီ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပတိုက်၏ အကြမ်းဖက်တိုက်ဖျက်ရေးအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းများကို အဓိကထားဆွေးနွေးသည့် ဗွီဒီယိုကွန်ဖရင့်တစ်ခုကို ပြင်သစ် သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရောမ၊ဩဂုတ်၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ၎င်း၏ဥရောပခရီးစဉ်သည် ဥရောပနှင့်အတူ COVID-19 ရောဂါဆက်လက်တိုက်ဖျက်ရေး၊ ဥပရောပ၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံရေး၊ တရုတ်-ဥရောပ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးစသည့် အဓိကအချက်လေးချက် ပါဝင်ကြောင်း ဩဂုတ်၂၅ ရက်က ပြောကြားခဲ့သည်။
ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က တရုတ်နိုင်ငံ အနေဖြင့် ဥရောပ အပါအဝင် နိုင်ငံ အသီးသီးအား တရုတ်နိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အစဉ်အမြဲ ဖိတ်ခေါ်ပြီး ပြုပြင်ပြောင်းလဲမှုအား နက်ရှိုင်းစွာ ဆောင်ရွက်ကာ တံခါးဖွင့်မှုကို...
ပေကျင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အခြားနိုင်ငံများအပေါ် အမေရိကန်၏ တစ်ဖတ်သတ်ပိတ်ဆို့မှုများနှင့် အခြားနိုင်ငံ၏ တရားဝင်မှန်ကန်သည့်အကျိုးစီးပွားများကို လက်တံရှည်လှမ်း၍ ဝင်ရောက် စွက်ဖက်ခြင်းသည် အများနှစ်မြို့ဖွယ်မရှိဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇူလိုင် ၂၀ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် ဥရောပကုမ္ပဏီလုပ်ငန်းများအပေါ် ပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်လာခြင်း သို့မဟုတ် ပိတ်ဆို့မည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်လာခြင်းအပေါ် အထူးအလေးထားစောင့်ကြည့်နေကြောင်း၊ ၎င်းမှာ ဥရောပတိုက်၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက ဇူလိုင် ၁၇...
ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenတို့နှင့် ဇွန် ၂၂ ရက် ညပိုင်းက ပေကျင်းမြို့မှ တဆင့် အွန်လိုင်း ဗွီဒီယိုစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
လန်ဒန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ဥရောပတိုက်ရှိ နိုင်ငံ ၁၁ နိုင်ငံတွင် ကြီးမားသော ပိတ်ဆို့မှုများ (Lockdowns) ပြုလုပ်ခဲ့ခြင်း နှင့် ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွင် ကြားဝင်ဟန့်တားမှုမရှိခြင်း(NPIs) တို့ကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေခဲ့ရာ ထိခိုက်သေဆုံးဖွယ်ရှိနေသော ခန့်မှန်းခြေ လူ့အသက်ပေါင်း ၃.၁ သန်းကို...
ဘရပ်ဆဲလ်၊ မေ ၁၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် ခရီးသွားကုမ္ပဏီများ ဘဏ္ဍာရေး အကြပ်အတည်းဖိအားနှင့်ရင်ဆိုင်နေရသဖြင့် ဥရောပ အကြီးဆုံး ခရီးသွားကုမ္ပဏီဖြစ်သည့် TUI Groupက လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဝန်ထမ်း ၈,၀၀၀ လျှော့ချ သွားမည် ဖြစ်ကြောင်း မေ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ဘရပ်ဆဲလ်၊ မေ ၇ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဥရောပတိုက်၏စီးပွားရေးသည် သမိုင်းဝင်ကျဆင်းနိုင်ကြောင်း၊ ဥရောပသမဂ္ဂ၏စီးပွားရေးသည် ၇.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ယူရိုဇုန်စီးပွားရေးသည် ၇.၇၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ဥရောပကော်မရှင်က မေ ၆ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။