Connect with us

News

ဟွာဝေး ဥရောပနည်းပညာပံ့ပိုးမှုစင်တာ စပိန်နိုင်ငံတွင် ဖွင့်လှစ်

မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ဟွာဝေးသည် ဥရောပတွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာသစ်တစ်ခုအား အောက်တိုဘာ ၂၇ ရက်က စပိန်နိုင်ငံ မြို့တော် မက်ဒရစ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုဖွင့်လှစ်သည့် စင်တာက ဥရောပ ၁၀ နိုင်ငံ အဓိက ဆက်သွယ်ရေးအော်ပရေတာများအတွက် နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟွာဝေး စပိန်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် လီဟုန်ပေါက ဆိုသည်။
စပိန်သည် ဟွာဝေးကို အမြဲ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးမှုရှိခြင်းကြောင့် မက်ဒရစ်တွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က စပိန်အစိုးရနှင့်မက်ဒရစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မျှတမှုရှိသည့် စက်မှုလုပ်ငန်းမူဝါဒကို အတည်ပြုခဲ့ရာ ဟွာဝေးအတွက် ပွင့်လင်းမြင်သာသော စီးပွားရေးပတ်ဝန်ကျင်းကို ပံ့ပိုးပေးခဲ့ကြောင်း၊ ထိုကြောင့် စပိန်နိုင်ငံ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍ၏ အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင် ဟွာဝေးဘက်စုံပါဝင်လာနိုင်ခြင်း ဖြစ်ကြောင်း ၊ စပိန်ရှိအားပေးသူများနှင့်ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်များ ကုမ္ပဏီကို အထူးယုံကြည်မှုရှိကြကြောင်း ဆိုသည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဖွင့်လှစ်သော ဟွာဝေးသီးသန်းအရောင်းပြခန်းတွင် လာရောက်လေ့လာဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများအား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာက ဒေသအတွက် အလုပ်အကိုင်နေရာ ၂၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဤဒေသကို ဥရောပတိုက် နည်းပညာနှင့်ဒစ်ဂျစ်တယ်ကဏ္ဍတွင် စံတစ်ခုဖြစ်လာရန် မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း မက်ဒရစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ Ayusoက အောက်တိုဘာ ၂၇ ရက် စင်တာဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။

ဟွာဝေးကုမ္ပဏီသည် လက်ရှိ ဥရောပတိုက်တွင် ဝန်ထမ်း ၁ သောင်းကျော်ရှိဖြင့်လည်ပတ်နေပြီး ဥရောပတိုက်ရှိ နိုင်ငံအသီးသီးအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ယင်းကုမ္ပဏီက ဆိုသည်။ (Xinhua)

————————————————
(Chinese Version)

(科技)华为欧洲技术支持中心在西班牙落成
2021-10-29 12:00:23
新华社马德里10月28日电(记者冯俊伟 谢宇智)中国企业华为在欧洲新开设的服务和技术支持中心27日在西班牙首都马德里落成。华为西班牙公司首席执行官李红波向新华社记者介绍,这一中心将为欧洲10个国家的主要电信运营商提供技术支持。
据华为介绍,选择马德里建设该中心,原因之一在于西班牙一直以来为华为提供广泛支持。过去20年,西班牙政府和马德里自治区通过公平的产业政策,为华为提供了开放透明的商业环境,这使华为能够全面参与西班牙信息通信技术方面的基础设施建设。西班牙的客户和合作伙伴也对华为非常信任。
马德里自治区主席阿尤索27日在出席中心落成典礼时表示,这一中心的创立将为当地创造200多个工作岗位,并促进当地成为欧洲大陆技术和数字领域的标杆。
华为表示,该公司目前在欧洲拥有1万多名员工,服务于欧洲大陆各国。(完)
图书1:10月20日,顾客们排队等待进入奥地利维也纳华为旗舰店购物。 新华社记者 郭晨 摄