Politics, Law & Military5 years ago
၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အလေးထား ဆောင်ရွက်
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များအရ အရေးကြီးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးကိုအလေးထားပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။