ကဘူးလ် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် ကယ်ဆယ်ပြောင်းရွှေ့ရေးလေယာဉ်ပြေးဆွဲမှုများ ဆက်လက်ပြုလုပ်လျှက်ရှိသော ကဘူးလ်လေဆိပ်၌ ဒုံးကျည်တစ်စင်း ပစ်ခတ်ခံရသော်လည်း ပစ်မှတ်လွဲချော်သွားပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် အာဖဂန်ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ရဲတပ်ရင်းအမှတ်...
အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်သိမ်းပိုက်လိုက်ပြီး နောက်ဆက်တွဲအဖြစ် အာဖဂန် ခရစ်ကတ်အသင်း၊ နိုင်ငံခြားသားများနှင့် အာဖဂန်နစ္စတန်နိုင်ငံသားများ အပါအဝင် လူဦးရေ ၄,၀၀၀ ကို ပြည်ဝင်ခွင့်များ (visas) ထုတ်ပေးခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Sheikh Rasheed က...
ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တကယ်လို့ ဘဝက ဘာမှ ဖြစ်မလာဘူးဆိုပြီး စာဖတ်သူတို့တွေးနေတယ်ဆိုရင် ဒါကိုတစ်ချက်တွေးကြည့်လိုက်ပါ။ အမေရိကန်သမ္မတ ၄ ယောက် နှစ်ပေါင်း ၂၀ ၂ ထရီလီယံဒေါ်လာ စစ်သားပေါင်း ၂,၄၀၀ ရဲ့ အသက် တွေပေးဆပ်ပြီး အာဖဂန်ရဲ့ အုပ်ချုပ်မှုဟာ တာလီဘန်ကနေ...
လန်ဒန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များ သိမ်းပိုက်ပြီးနောက် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ထွက်ခွာနိုင်ရေး မျှော်လင့်ချက်များဖြင့် ကဘူးလ်လေဆိပ်အနီးတွင် ပြည်သူများ စုပြုံနေကြစဉ် အာဖဂန် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်၂၂ ရက်၌ ပြောကြားခဲ့သည်။ “မြေပြင်အခြေအနေတွေကတော့ တော်တော်လေးစိန်ခေါ်မှုရှိနေဆဲပါပဲ။...
ကဘူးလ် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခုတွင် တာလီဘန်တိုက်ခိုက်ရေးသမားများကို တာလီဘန်ဆန့်ကျင်သည့် စစ်သွေးကြွများက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း တာလီဘန်တို့က ယင်းခရိုင် ၃ ခုအနက် ခရိုင် ၁ ခုကို ပြန်လည်ရယူသိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်းတစ်ခု...
ဝါရှင်တန် ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အာဖဂန်မှထွက်ခွာရေး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဩဂုတ် ၃၁ ရက် နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ကယ်ဆယ်ရေးအစီအစဉ်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအာဖဂန်တွင် ဆောင်ရွက်နေသော ကယ်ဆယ်ရေး အစီအစဉ်နှင့်ပတ်သက်၍...
ကဘူးလ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တာလီဘန်တပ်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့ အား သိမ်းပိုက်လိုက်ပြီးနောက် မငြိမ်မသက်ဖြစ်ပွားနေသော အာဖဂန်အခြေအနေကို နိုင်ငံများစွာနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပန်တဂွန်စစ်ဌာနချုပ်တို့မှ ပူးတွဲထုတ်ပြန်သည့်ကြေညာချက်တွင် “ လက်ရှိအချိန်၌ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံသားများ...
ကဘူးလ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က အပြည့်အဝ သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်ပြည်သူအချို့သည် နိုင်ငံအတွင်းမှ ထွက်ပြေးရန် အလုအယက်ကြိုးပမ်းခဲ့ကြသည်။ ကဘူးလ် လေဆိပ် ပြေးလမ်းတွင် တိုးဝှေ့နေသော လူအုပ်ကြီးအား တားဆီးရန် အမေရိကန် စစ်တပ်က ပစ်ခတ်ခဲ့ရာမှ အနည်းဆုံး လူ ၃ ဦး...
ကဘူးလ်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ကဘူးလ်လေဆိပ်မှ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက်လိုက်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ “ကဘူးလ်မှ လေကြောင်းခရီးစဉ်တွေအားလုံး ယာယီပယ်ဖျက်ထားကြောင်းနှင့် ခရီးသည်တွေအနေနဲ့ အကြောင်းချက်မရရှိတဲ့အချိန်အထိ လေဆိပ်ကို လာရောက်ခြင်းမပြုသင့်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ်...
ပေကျင်း ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အာဖဂန်ပြည်သူများ၏ ရွေးချယ်မှုများကို လေးစားကြောင်း နှင့် အာဖဂန်အခြေအနေတွင် ချောမွေ့သည့် အသွင်ကူးပြောင်းရေးအတွက် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ပွဲပြီးဆုံးသွားပြီ ဖြစ်ကြောင်း နှင့် မကြာမီတွင်...