ဟူးလွန်ပေ့အယ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဆောင်းဦးရာသီ နံနက်ခင်းတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အဲအယ်ကူနာ့ ရေဝပ်ဒေသ၌ ချမ်းစိမ့်လှသည်။ နံနက်ခင်းမြူခိုးများကြားတွင် လူတစ်ယောက်က ဆီးနှင်းများကို ကျော်ဖြတ်၍ ရေဝပ်ဒေသ အတွင်းပိုင်းနေရာသို့ သွားရောက်နေပြီဖြစ်သည်။ ကျင်းပေါင်ချိုင်သည် အဝေးကြည့် ကင်မရာ မှန်ဘီလူးအား လွယ်ထားပြီး ရင်ဘတ်ရှေ့တွင်...
ကွမ်ကျိုး၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ဦးဆောင်ထိပ်တန်းကော်ဖီလုပ်ငန်းစုတစ်ခုဖြစ်သည့် Luckin ကော်ဖီသည် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော် ဧရိယာတွင် ၎င်း၏ ပထမဆုံး ဘရာဇီးကော်ဖီအဓိကစတိုးဆိုင်ကို တရားဝင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။ ၎င်းဆိုင်မှာ တရုတ်နိုင်ငံတွင် အဆိုပါအမှတ်တံဆိပ်၏ လေးဆိုင်မြောက်...
နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရွှေရောင်ဆောင်းဦး စက်တင်ဘာလတွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)၊ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး အသစ်တစ်ကြိမ်သည် ချိန်းဆိုချက်များနှင့်အညီ ရောက်ရှိ၍လာပြီဖြစ်သည်။ ဤနိုင်ငံတကာ ကုန်သွယ်စီးပွားဆိုင်ရာ အခမ်းအနားပွဲကြီးသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ဘက်စုံထောင့်စုံ ပူးပေါင်းဖလှယ်မှုကို အထောက်အကူပြု တွန်းအားပေးကာ...
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအတွက် ခိုင်မာသော ပံ့ပိုးကူညီမှုပေးရေးနှင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်ကြရန် စက်တင်ဘာ ၁၇ ရက်၌ တိုက်တွန်းခဲ့သည်။ ၁၂ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ်သို့ တက်ရောက်ရန်...
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ယခုနှစ်ဇန်နဝါရီမှသြဂုတ်လ ကာလအတွင်းတွင် တရုတ်နိုင်ငံ၏ မီးရထားလုပ်ငန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ရထားစီးခရီးသည်ခရီးစဥ် အများဆုံးစံချိန်တင်ခဲ့ကြောင်း အမျိုးသားရထားလုပ်ငန်းက စက်တင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း ရထားစီးခရီးသည်ခရီးစဥ် စုစုပေါင်း ၃.၂ ဘီလီယံ ပို့ဆောင်ခဲ့ရပြီး ယမန်နှစ်ကထက် ၆.၇...
နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသော...
ချန်ချွမ်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ် အများပြည်သူ ဝင်ရောက်လေ့လာခွင့်ပြုမှု အစီအစဉ်နှင့် ချန်ချွမ်း လေကြောင်းပြပွဲ၏ အကြိုလေ့ကျင့်တင်ဆက်မှုကို စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ချန်ချွမ်းမြို့၌ ပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်...
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ် နှစ်လတာ နွေရာသီကာလအတွင်း တရုတ်နိုင်ငံရှိ ပြတိုက်များသို့ လာရောက်ကြည့်ရှုသူ ၃၀၄ သန်းကျော်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသားယဥ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေးဌာန၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပမာဏသည်...
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် စက်ဘီးပိုင်ဆိုင်သူဦးရေ သန်း ၂၀၀ ကျော်လွန်လျက်ရှိသည့်အပြင် လျှပ်စစ်အားသုံးနှစ်ဘီးတပ် ယာဥ်အစီးရေ စုစုပေါင်း ၃၈၀ သန်း အသုံးပြုလျက်ရှိပြီး ကာဗွန်လျှော့ချမှုကိုအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ စက်ဘီးစီးသူများအသင်း၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ အသင်း၏အဆိုအရ တရုတ်နိုင်ငံ၏မြို့ပြတွင်နေထိုင်သူများ၏...
နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ အကြီးအကဲများက...