ဟောင်ကောင် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အာကာသပြတိုက်၌ လူငယ်အာကာသယာဉ်မှူးစခန်းသွင်းလေ့ကျင့်မှု ၂၀၂၃ အတွက် နှုတ်ဆက်ပွဲအခမ်းအနားအား ဇူလိုင် ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ထားသည့် အလယ်တန်း ကျောင်းသား ၃၀ က ဇူလိုင် ၂၉ ရက်တွင် ပေကျင်းမြို့သို့ ၈ ရက်ကြာလေ့ကျင့်ရေးအစီအစဉ်အတွက်...
ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ၏ သတ္တမအကြိမ်မြောက် ရွေးကောက်ပွဲ၌ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အနိုင်ရရှိသည့်အတွက် ယင်းပါတီဥက္ကဋ္ဌ ဆမ်ဒတ် တက်ခ်ချို ဟွန်ဆန်ထံ ဇူလိုင် ၂၅ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း...
ပေကျင်း၊ ဇူလိုင် ၂၆ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက စစ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဘက်စုံအားကောင်းစေရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဇူလိုင် ၂၄ ရက်က ကျင်းပသော CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့လိုက် လေ့လာခြင်း အစည်းအဝေး၌...
ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကော်ယွမ်ဆိပ်ကမ်းသည် နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် တန်းစီစောင့်ဆိုင်းနေကြသော စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်တန်းများဖြင့် အလုပ်များပြားလျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ စင်္ကြံသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများနှင့်...
ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်လ် (Ajit Doval) နှင့် ဇူလိုင် ၂၄ ရက်က ဂျိုဟန်နာဘတ်စ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက...
ရွှန်းချိန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ Huiling တောင်များတွင် နွေရာသီမိုးရွာသွန်းပြီးနောက် နေဝင်ဆည်းဆာနောက်ခံဖြင့် တိမ်ပင်လယ်အား တွေ့မြင်ရခြင်း ဖြစ်သည်။ တိမ်ပင်လယ်သည် ကမ္ဘာပေါ်တွင် ကောင်းကင်ဘုံမှ ရေကန်ကဲ့သို့ အစိမ်းရောင်တောင်တန်းများကြားတွင် ညင်သာစွာ စီးဆင်းလျက် ရှိသည်။ တောက်ပသည့် နေဝင်ချိန် ၊...
ရှန်ဟိုင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) Tesla Shanghai Gigafactory ကုမ္ပဏီ၏ Model Y (Rear-Wheel Drive) ကားမော်ဒယ်ကို မကြာသေးမီက တောင်ကိုရီးယားနိုင်ငံသို့ စတင်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှာ တရုတ်နိုင်ငံထုတ် Tesla မော်တော်ယာဉ်များအား ပထမဆုံးအဖြစ် တောင်ကိုရီးယားဈေးကွက်သို့ ဝင်ရောက်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း ကုမ္ပဏီက...
ကျန်းကျားကျဲ့၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) နွေရာသီအားလပ်ရက်ကာလတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့ရှိ ရှုခင်းသာ ခရီးသွားနေရာများတွင် “နွေရာသီ အပန်းဖြေခရီးစဉ်”၊ “လေ့လာရေးခရီးစဉ်”၊ “မိသားစုခရီးစဉ်”စသည့် ခရီးသွားပုံစံအမျိုးမျိုးရှိပြီး ခရီးသွား အရင်းအမြစ် ပိုမိုပြည့်စုံစေခြင်းကြောင့် နွေရာသီ ခရီးသွားဈေးကွက်ပို၍ အားကောင်းလာသည်။ ခရီးသွားများက တောင်တက်ခြင်း၊ သစ်တောတွင် အပန်းဖြေလမ်းလျှောက်ခြင်း၊...
ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုလွှတ်တော်တွင် ဇူလိုင် ၂၅ ရက်က ကျင်းပသောအစည်းအဝေး၌ ဝမ်ရိအား နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဖန်းကုန်းစိန့်အား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ခန့်အပ်ရန် ဆန္ဒမဲခွဲ၍ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ဟိုင်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဇူလိုင် ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်သဘောထားချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင်...