ရှန်းကျန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူငယ်လယ်သမား နှစ်ဦးသည် ဝါစိုက်ခင်း ဟက်တာ ၂၀၀ ကို စီမံဆောင်ရွက်ရန် စိုက်ပျိုးရေးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် စက်ရုပ်များကို အသုံးပြုခဲ့ပါသည်။ ထို့အပြင် ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို...
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီး ဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ လူလာ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်ရန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက...
တရုတ်နိုင်ငံ၏ ထျန်းကျိုး-၇ ကုန်တင်အာကာသယာဉ်သည် နိုဝင်ဘာ ၁၇ ရက် ပေကျင်းစံတော်ချိန် ည ၉:၂၅ နာရီတွင် မြေပြင်ထိန်းချုပ်မှုဖြင့် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ထိုသို့လေထုအတွင်း ပြန်လည်ဝင်ရောက်လာချိန်တွင် အာကာသယာဉ်၏ အစိတ်အပိုင်းအများစုမှာ လောင်ကျွမ်းသွားခဲ့ပြီး အနည်းငယ်သောအပျက်အစီးများမှာမူ သတ်မှတ်လျာထားသည့် ဘေးကင်းသောရေပြင်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
– အာရှ-ပစိဖိတ် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး အထောက်အကူပြုရန် တရုတ်နိုင်ငံ ကတိပြု – ဆက်ဆံရေးတည်ငြိမ်ရေးအတွက် တစ်ဆင့်တိုးဆောင်ရွက်ရန် ရှီနှင့် ဘိုင်ဒန် တွေ့ဆုံ – တရုတ်နိုင်ငံ၏ နှစ်ပတ်လည် အမြန်ချောပို့ပါဆယ်ပမာဏ ပထမဆုံးအကြိမ် ဘီလီယံ ၁၅၀ အထိရှိလာ – အဇာဘိုင်ဂျန်တွင် COP29 အစည်းအဝေးတက်ရောက်မည့်...
ချုံချင့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်မော်တော်ဆိုင်ကယ်များက ဘရာဇီးနှင့် အခြား လက်တင်အမေရိကနိုင်ငံများတွင် သိသိသာသာ လူကြိုက်များရေပန်းစားလာခဲ့ကြောင်း သိရသည်။ မော်တော်ဆိုင်ကယ် တင်ပို့မှုများ အဓိကလုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Chongqing Xinyuan Motorcycle ကုမ္ပဏီလီမိတက်က လက်တင်အမေရိကဈေးကွက်များအား အဓိကထား တင်ပို့ကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်မှစ၍...
တရုတ်နိုင်ငံ၏ Chang’e-6 အာကာသယာဉ်မှ ပြန်လည်သယ်ဆောင်လာခဲ့သော လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာများကို လေ့လာရာမှတစ်ဆင့် နောက်ဆုံးရှာဖွေတွေ့ရှိမှုကို ကမ္ဘာ့သိပ္ပံပညာရပ်ဆိုင်ရာဦးဆောင်ဂျာနယ်တွင် နိုဝင်ဘာ ၁၅ ရက်က ပုံနှိပ်ဖော်ပြခဲ့ပြီး လမျက်နှာပြင်၏ တစ်ဖက်စွန်းမှ လူသိနည်းသော မီးတောင်ဆိုင်ရာသမိုင်းကြောင်းကို ဖော်ပြလိုက်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YQA …………………………………….. (English...
ချုံချင့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ခရီးစဉ် တစ်သိန်းမြောက် တရုတ်-ဉရောပ ကုန်တင်ရထားသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့မှ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ထွက်ခွာလာခဲ့ပါသည်။ ၎င်းသည် တရုတ်နှင့် ဉရောပတို့ကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို လွယ်ကူချောမွေ့စေသည့် ဝန်ဆောင်မှု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်...
ဆန်းကျန့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) EngineAI တရုတ်ကုမ္ပဏီမှ ခြေလှမ်းများ သွက်လက်မြန်ဆန်စွာ လျှောက်လှမ်းနိုင်ပြီး ဒူးများကွေးညွှတ်နိုင်ရုံမျှမက ဒိုက်ပါထိုးနိုင်သော လူပုံစံတူ စက်ရုပ်တစ်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းစက်ရုပ်သည် တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ၂၆ ကြိမ်မြောက် China Hi-Tech ပြပွဲတွင် ပရိသတ်များ၏ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။...
လီမာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်စဉ်ကာလ၊ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု...
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီနှင့် ဆော်ဒီသတင်းအေဂျင်စီ (SPA) တို့သည် သတင်းကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းသမားများ လေ့ကျင့်သင်တန်းပေးခြင်းနှင့် အခြားကိစ္စရပ်များဆိုင်ရာ သဘောတူစာချုပ်ကို ပေကျင်းမြို့တွင် နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် SPA ယာယီဥက္ကဋ္ဌ Ali...