ထျန်းကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) အဲဘတ်စ်ကုမ္ပဏီက တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ ထျန်းကျင်းတွင် တရုတ်နိုင်ငံနှင့် အာရှတွင် ဒုတိယမြောက်စက်ရုံဖြစ်သည့် A320 အုပ်စုဝင် အဲဘတ်စ်လေယာဥ်အတွက် ၎င်း၏ နောက်ဆုံးပေါ် အပြီးသတ်တပ်ဆင်ရေးလိုင်းအသစ် (FAL) ကို အောက်တိုဘာ ၂၂ ရက်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) မကြာမီက ဩစတြေးလျ၏ P-8A စစ်လေယာဉ်တစ်စင်းအား တရုတ်နိုင်ငံ၏ လေပိုင်နက်ထဲမှ မောင်းထုတ်ရန် တရုတ်တပ်မတော်၏ လုပ်ဆောင်ချက်များမှာ ကျိုးကြောင်းခိုင်လုံ၍ ဥပဒေနှင့်ညီညွတ်သလို ပရော်ဖက်ရှင်နယ်ပီသ၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၂ ရက်၌ ပြောကြားခဲ့ကာ...
ကွမ်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်တုန်းပြည်နယ်သည် ငှက်များ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းမှု အမြင့်မားဆုံးအချိန်ဖြစ်သော ဆောင်းဦးရာသီနှင့် ဆောင်းရာသီကာလအတွင်း ဆောင်းခိုငှက် ၃၀၀,၀၀၀ ကျော် အုပ်လိုက်ပျံသန်းရောက်ရှိလာမည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ပြည်နယ် သစ်တော စီမံခန့်ခွဲမှုဦးစီးဌာန၏ ပြောကြားမှုအရသိရသည်။ ဆောင်းခိုငှက်များမှာ ရေကျချိန်တွင် ပေါ်နေသောလဟာပြင်များ၊ ကုန်းတွင်းပိုင်းစိမ့်မြေများနှင့်...
နန်ချန်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံတွင် ပုံရိပ်ယောင်တကယ့်ကမ္ဘာ (VR) ကဏ္ဍတွင် ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် လုပ်ငန်းလည်ပတ်နေကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီးပြည်နယ် နန်ချန်းမြို့၌ အောက်တိုဘာ ၂၀ ရက်ကပြီးဆုံးခဲ့သည့် ၂၀၂၅ ကမ္ဘာ့ VR နည်းပညာလုပ်ငန်း ကွန်ဖရင့် (WCVRI)...
ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ပြည်တွင်းခရီးသွားခရီးစဥ်ပေါင်း ၅ ဘီလီယံနီးပါးအထိ စံချိန်တင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရသည်။...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ၏ ကနဦးအစပြုသူနှင့် အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက IOMed တွင် နိုင်ငံများစွာ ပါဝင်လာရန်၊ အဖွဲ့အစည်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်မှုအသစ်များ အတူတကွဆောင်ရွက်ကြရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ဟားအယ်ပင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) လက်ရှိအချိန်သည် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်မှ ရွှေ့ပြောင်းငှက်များ ရွှေ့ပြောင်းသွားလာသည့် အထွတ်အထိပ်ကာလဖြစ်သည်။ ပြည်နယ်တစ်ခုလုံးမှ ရွှေ့ပြောင်းငှက် နားခိုရာဒေသမှ ရွှေ့ပြောင်းငှက်များက အစုလိုက်အဖွဲ့လိုက် တောင်ပိုင်းသို့ ရွှေ့ပြောင်းပျံသန်းလျက်ရှိရာ ငှက်ပေါင်းတစ်သောင်း အုပ်စုလိုက် ပျံသန်းသွားလာနေသည့် ဂေဟပန်းချီကားလိပ်ပမာမြင်ကွင်းအား ရေးခြယ်ထားပေသည်။ (Xinhua) ———————- (Chinese...
ကွမ်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးအား ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယခုနှစ် အောက်တိုဘာ ၂၂ ရက်အထိ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ကားလမ်းနယ်စပ်ဂိတ်မှ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဒေသသုံးခုသို့ ဖြတ်သန်းသွားလာသည့် ခရီးသွားဧည့်သည်များ အကြိမ်ရေသည်...
Unitree H2 စက်ရုပ်ကို နှုတ်ဆက်ကြည့်ပါစို့။ တရုတ်နိုင်ငံ၏ စက်ရုပ်တီထွင်ထုတ်လုပ်ရေးကုမ္ပဏီ Unitree Robotics က ထုတ်လုပ်ထားသော လူပုံစံတူစက်ရုပ် အမျိုးအစားသစ်မှာ ကိုယ်နေဟန်ထား ပြေပြစ်ညက်ညောစွာ သွားလာလှုပ်ရှားနိုင်သည့်အတွက် မယုံနိုင်လောက်အောင် သဘာဝကျသည်ဟု ခံစားမိစေမည်ဖြစ်ကာ ပြေပြစ်ကြော့ရှင်းသည့် ဒီဇိုင်းအသွင်အပြင်ဟူသော စကားရပ်အတွက် အလုံးစုံဆန်းသစ်သော အဓိပ္ပာယ်တစ်ခုကို ဖွင့်ဆိုပေးလျက်ရှိသည်။ (Xinhua) ………………....
ဒရုန်းအစင်းရေ ၁၆,၀၀၀ နီးပါး ပါဝင်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်း အလှပြပွဲက တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လျိုယန်မြို့ ညကောင်းကင်ယံကို ထွန်းလင်းတောက်ပစေခဲ့သည်။ လျိုယန်မြို့မှာ ဒရုန်းဖြင့် သရုပ်ဖော်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းအလှပြပွဲကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ ကိုယ်တိုင်စီးမျောခံစားနိုင်သည့် ကြည်နူးဆွတ်ပျံ့ဖွယ် မြင်ကွင်းကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua) ………………....