တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Xigaze မြို့ Namling ခရိုင်ရှိ ရှေးဟောင်းသုတေသန ဆိုင်ရာနေရာတစ်ခု၌ တရုတ်သုတေသနပညာရှင်များက နှစ်ပေါင်း ၃,၀၀၀ ကျော်သက်တမ်းရှိ နို့ရည်အကြွင်းအကျန်များအား ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှာ နို့ကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဒေသခံပြည်သူများက စားသောက်ခဲ့ကြောင်း ညွှန်ပြနေသည်။ (Xinhua) xhtxs.cn/EQ5 ——————————- 3,000-year-old milk residue...
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တူးဖော်ရေးနေရာတစ်ခု၌ တူးဖော်တွေ့ရှိခဲ့သည့် ပရိဘောဂ နှင့် ပန်းကန်ခွက်ယောက်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ က ညစာအတွက်သာမက မည်ကဲ့သို့စားခဲ့ကြပုံများကိုပါ ပြသနေကြောင်း သိရသည်။ (Xinhua) xhtxs.cn/EOc ————————- 3,000-year-old settlement site found in SW China...
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(Pakistan International Airlines)က ပညာရေးဘွဲ့ဒီဂရီများ သင်ယူရန် တရုတ်နိုင်ငံသို့ သွားရောက်မည့် ကျောင်းသား/သူများကို ၂၇ ရာခိုင်နှုန်း လျှော့ဈေး ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/ERt —————————— Pakistan Int’l Airlines announces discount for students traveling...
နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ ၊ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန် အဆင့်မြင့်တရုတ်သံတမန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/EPG —————————— Senior Chinese diplomat urges respect for sovereignty, territorial integrity of all countries Senior Chinese diplomat...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉,၆၄၉ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ မှ ဒုတိယအဖွဲ့ခေါင်းဆောင်ဦးသက်ဆွေက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြောသည်။
တရုတ်နိုင်ငံ၏ Shenzhou-14 အာကာသယာဉ်မှူးများသည် ဒီဇင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ ပထမဆုံးအကြိမ် အများပြည်သူရှေ့သို့ ထွက်ပေါ်လာခြင်းအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က စာနယ်ဇင်းများနှင့်တွေ့ဆုံခဲ့သည်။ အဆိုပါ အာကာသယာဉ်မှူးများသည် ကွာရန်တင်း (quarantine) နှင့် အားဖြည့်ခြင်းအဆင့်များ ပြီးဆုံးခဲ့ပြီဖြစ်ကာ ယခုအခါ စောင့်ကြည့်ခြင်းအဆင့်၌ ရောက်ရှိနေပြီဖြစ်ကြောင်း ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ အာကာသယာဉ်မှူးစင်တာ၌...
ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော တရုတ်နိုင်ငံသည် အီတလီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ယူဆောင်လာမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/ENE ——————————- #China, main engine of the world economy, will bring new opportunities to its...
တရုတ်နိုင်ငံက Chang’e-4 စူးစမ်းလေ့လာရေးယာဉ်တွင် တပ်ဆင်ထားသော ကိရိယာများ၏ အချက်အလက်အသစ်များကို ထုတ်ပြန်ခဲ့ကြောင်း လကမ္ဘာနှင့်ဂြိုဟ်များဆိုင်ရာ အချက်အလက်ထုတ်ပြန်ရေး စနစ် ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ (Xinhua)xhtxs.cn/EMU —————————— China releases Chang’e-4 payloads’ scientific datasets China has released a new batch...
ဟိုက်ဒရိုဂျင်ပါဝါ ခေါက်ဘီးတစ်မျိုးကို တရုတ်ကုမ္ပဏီက ဖြန့်ချိလိုက်ပြီဖြစ်သည်။ ယင်းစက်ဘီးအမျိုးအစား၏ သက်တမ်းသည် လီသီယမ်ဘက်ထရီကို အသုံးပြုသော သမားရိုးကျ လျှပ်စစ်စက်ဘီးများထက် သက်တမ်းပိုရှည်ပြီး ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ကို အသုံးပြုနေစဉ်အတွင်း ရေသာ ထွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပို၍ ကောင်းမွန်စေကြောင်း သိရသည်။ (Xinhua) ———————————- Chinese enterprise launches hydrogen-powered...
Luojia-3 01 ဂြိုဟ်တုသည် နည်းပညာစမ်းသပ်မှုများစွာ ပြီးစီးခဲ့ကြောင်းနှင့် ၎င်း၏ ဘက်စုံ ဉာဏ်ရည်ရှိ အဝေးထိန်း အာရုံခံနိုင်စွမ်းမှာလည်း မျှော်မှန်းထားသော ရည်မှန်းချက်သို့ ရောက်ရှိခဲ့ကြောင်း ဝူဟန့်တက္ကသိုလ်အရ သိရသည်။ Luojia-3 01 ဂြိုဟ်တုသည် အင်တာနက်-ဉာဏ်ရည်ရှိ အဝေးထိန်းအာရုံခံစနစ်ပါဝင်သော သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာသော ဂြိုဟ်တုဖြစ်ကာ ဝူဟန့်တက္ကသိုလ်က အဓိက ထုတ်လုပ်ထားခြင်းဖြစ်ပြီး...