တရုတ်-မြန်မာ နှစ်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် တရုတ်ပြက္ခဒိန်အရ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည့် ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းများက ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲနှင့် နှစ်သစ်ကူးကြိုဆိုဂုဏ်ပြုပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua) #တရုတ်နှစ်သစ်ကူးပွဲတော် #ချစ်ကြည်ရေး #ကြိုဆိုဂုဏ်ပြု
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အာဖဂန်နစ္စတန်နိုင်ငံ ကြားဖြတ်အစိုးရ၏ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီး နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး နှင့် အကြမ်းဖက်မှုများအား တိုက်ဖျက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua) xhtxs.cn/DWR —————————- Chinese, Afghan FMs...
ထိုင်းနိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပြုလုပ်သော မီးပုံးပွဲတော်၌ ကျန်းမာခြင်း၊ သဟဇာတဖြစ်ခြင်းနှင့် သာယာဝပြောခြင်း အထိမ်းအမှတ်အဖြစ် သရုပ်ဖော်ထားသော ရောင်စုံမီးပုံးများအကြား ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။ (Xinhua) xhtxs.cn/DVu ……………………………… Asia Album: Thailand holds lantern festival to welcome Chinese New Year...
ဗီယက်နမ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရန် မက်မွန်ပန်းပွင့်များ တရုတ်ဆီးသီးပန်းပွင့်များ၊ အခြားပန်းများနှင့် အလှဆင်သစ်ပင်များအား လူများဝယ်ယူလျက်ရှိကြသည်။(Xinhua) xhtxs.cn/DVw———————— People buy peach blossoms, apricot blossoms, other flowers and ornamental trees to celebrate Tet, the Lunar New...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးနိုင်ရေးအတွက် အခိုင်အမာ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ယခုနှစ်၏ နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူးသည် ဇန်နဝါရီ ၂၂ ရက်၌ ကျရောက်ခြင်းဖြစ်သည်။ (Xinhua) xhtxs.cn/DVl...
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အခြေခံလူတန်းစား သာမန်ပြည်သူများနှင့် တာဝန်ရှိသူများအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ပြီး နွေဦးပွဲတော် နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/DS2 —————————— Xi Jinping pays visit to officials and ordinary people at grassroots via video...
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပလျက်ရှိပြီး “ကျွန်တော့်အမျိုးသမီး၊ ကလေးနဲ့ မြေးတွေကလည်း တရုတ်နှစ်သစ်ကူးကို ဆင်နွှဲလျက်ရှိပါတယ်’’ ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် က ပြောသည်။ (Xinhua) xhtxs.cn/DTz ——————————— “My wife, children and grandchildren...
တရုတ်နှစ်သစ်ကူး ယုန်နှစ်ကာလရောက်ရှိလာတော့မည့်အချိန်နှင့်အတူ အီဂျစ်နှင့်တူရကီ စသည့် အရှေ့အလယ်ပိုင်းဒေသများတွင် ပွဲတော်၏အငွေ့အသက်များဖြင့် ပြည့်နှက်နေရာ တရုတ်ယဉ်ကျေးမှုအကြောင်း လေ့လာကြသူ ပို၍ များပြားလာသည်ကိုတွေ့ရသည်။ (Xinhua) ——————————- Mideast in Pictures: Festive Chinese New Year felt in Egypt, Türkiye As Chinese...
နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ယခုနှစ် ပြန်လည်ရွေးကောက်ခံတော့မည်မဟုတ်ကြောင်း ပြောကြားလျက် ဝန်ကြီးချုပ်နှင့် လေဘာပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်က ကြေညာခဲ့သည်။ အာဒန်သည် ဖေဖော်ဝါရီ ၇ ရက်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်သစ်တစ်ဦးခန့်အပ်ချိန်၌ ၎င်း၏ ရာထူးမှနုတ်ထွက်မှု အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။...
တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် သိသာထင်ရှားသော တိုးတက်မှု တွေ့မြင်ရမည် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြီးမားသော တိုးတက်မှုများနှင့် ပါဝင်ကူညီမှုများ ပိုမိုဆောင်ရွက်ပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/DQS ————————- China’s economy will see significant...