Connect with us

Economy

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပြည့်အဝ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်ပြည်ထွက်ယာဉ်များ ဂိတ်ဖြတ်သန်းသွားလာသည့် အရေအတွက်နှင့်မြန်ဆန်နှုန်းများ တိုးတက်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပြည့်အဝ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်ပြည်ထွက် ယာဉ်များ ဂိတ်ဖြတ်သန်းသွားလာသည့် အရေအတွက်နှင့် မြန်ဆန်နှုန်းများ တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။နိုင်ငံတစ်ဝန်းရှိ ကုန်းလမ်းနယ်စပ်ဂိတ်အသီးသီးတွင် ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး ဂိတ်ဖြတ်သန်း သွားလာမှုများ တဖြည်းဖြည်း ပြန်လည်စတင်လာသည်နှင့်အမျှ နုံ့တောင်၊ လေယွင် လမ်းကြောင်းနှစ်ခုတွင် နေ့စဉ် ကုန်စည်သယ်ယူပို့ဆောင်မှု စုစုပေါင်းတန်ချိန် ၄,၃၁၉ အထိ ရောက်ရှိနိုင်ပြီး အဓိကအားဖြင့် ကြံ၊ မီးသွေး၊ မြစ်သဲကျောက်၊ နေ့စဉ်သုံးပစ္စည်း စသည့် ကုန်သွယ်ရေးပစ္စည်းများကို သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်မှစ၍ ရွှေလီနယ်စပ်ဂိတ်တွင် ပထမအသုတ် ပြည်ဝင်ပြည်ထွက်ခရီးသည်များ အဆင်ပြေချောမွေ့စွာ ဂိတ်ဖြတ်သန်းသွားလာနိုင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)