Salfit ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံမှ အားကစားသမား ၈၆ ဦးကို တရုတ်နိုင်ငံသို့ ယခုလအတွင်း စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့် နိုင်ငံများအားလုံးအနေဖြင့် လူသားများအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းအတွေးအမြင်အား လက်ခံသင့်ကြောင်း နှင့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုအား ထောက်ခံသင့်ကြောင်း နိုဝင်ဘာ ၁၅ ရက် G20 ဘာလီထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/BKJ ——————————...
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားစီးနင်းရန် ၎င်းအနေဖြင့် စိတ်အားထက်သန်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုအား တွန်းအားသစ်များဖြည့်တင်းရန်၊ ခရီးသွားကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍနှင့် ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua) xhtxs.cn/BK0 ————————————— Indonesian...
ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ ပင်မအချက်အချာ ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး နိုင်ငံရေးအုတ်မြစ်၏ အခြေခံဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်ဖြတ်၍မရသည့် ပထမဆုံးမျဉ်းနီဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ (Xinhua) ———————————— The...
လာမည့်ကွန်ဂရက်တွင် ဒီမိုကရက်များအနေဖြင့် ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် လုံလောက်သောမဲရရှိရန် ၎င်းအနေဖြင့် မမျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဝန်ခံခဲ့သည်။ (Xinhua) —————————— U.S. President Joe Biden gives remarks following the 2022 midterm elections in the White...
G20 ဘာလီထိပ်သီးအစည်းအဝေးက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနာလန်ထူမှု၌ ယုံကြည်မှုမြှင့်တင်ပေးမည်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးခေါင်းဆောင်များက မက်ခရိုစီးပွားရေး မူဝါဒများ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းရေးနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ တံခါးဖွင့်ဝါဒ၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ၎င်းတို့၏ မျှော်လင့်ချက်ကို ပြောကြားခဲ့ကြသည်။ (Xinhua) xhtxs.cn/BHd ……………………………………………… G20 Bali...
Natasa Pirc Musar သည် ဆလိုဗေးနီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။ (Xinhua) xhtxs.cn/BGz ————————– Natasa Pirc Musar was elected the first female president of Slovenia xhtxs.cn/BGz Presidential...
ရှန်ကျိုး-၁၄(Shenzhou-14) အာကာသယာဉ်မှူးများက ထျန်းကျိုး-၅(Tianzhou-5) ကုန်တင်အာကာသယာဉ်အတွင်း နိုဝင်ဘာ ၁၃ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသယာဉ် အေဂျင်စီ(CMSA)၏ ပြောကြားချက်များအရ သိရသည်။ ထျန်းကျိုး(Tianzhou) စီးရီးအာကာသယာဉ်များကို နောင်တွင် ၆ လကြာတိုင်း လွှတ်တင်သွားမည် ဖြစ်ကြောင်း CMSAက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/BGp —————————-...
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် သာယာဝပြောမှု စွမ်းဆောင်နိုင်ရေးအတွက် အားထားဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/BES ————————————– Chinese Premier Li...