ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရေးနှင့် ဘုံသာယာဝပြောမှုအတွက် တွန်းအားပေးရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် ညစာစားပွဲသို့...
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲသို့ အောက်တိုဘာ ၂၄ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့က နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမည့် အဆိုပြုချက်ကို ခွင့်ပြုခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဟာရင် ဖာနန်ဒိုက အောက်တိုဘာ ၂၃ ရက် ညပိုင်းက ပြောခဲ့သည်။ အစိုးရအဖွဲ့အနေဖြင့် အိန္ဒိယ၊ တရုတ်၊...
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းအဖွဲ့၏ ပထမဆုံးအစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ MOF နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူများက ပူးတွဲသဘာပတိ...
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၃.၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ အောက်တိုဘာ ၂၃ ရက် ည...
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးစစ်တပ်၏ မြေပြင်ထိုးစစ်သည် သုံးလ ကြာမြင့်နိုင်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ သတင်းများအရ သိရသည်။ ပါလက်စတိုင်း အစ္စလာမ်တော်လှန်ရေးလှုပ်ရှားမှု ဟားမက်စ်အဖွဲ့ကို အောင်မြင်စွာ...
ကိုင်ရို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကား ၁၇ စီးသည် အောက်တိုဘာ ၂၂ ရက်က ရာဖာနယ်စပ်ဂိတ် အီဂျစ်ဘက်အခြမ်းမှ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခဲ့သည်။ ၎င်းမှာ အောက်တိုဘာ ၂၁ ရက်မှစ၍ ဒုတိယအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ရာဖာနယ်စပ်မှ ဂါဇာသို့...
ဟန်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ကျင်းပအပြီး သီတင်းပတ် နှစ်ပတ်အကြာတွင် ကြာပန်းသဏ္ဌာန် ဟန်ကျိုးအိုလံပစ် အားကစားစင်တာ အားကစားရုံ၌ အောက်တိုဘာ ၂၂ ရက် ညပိုင်းက စတုတ္ထအကြိမ်မြောက် မသန်စွမ်းအားကစားပွဲကို ဖွင့်လှစ်လိုက်သဖြင့် ယှဉ်ပြိုင်မှုစိတ်ဓာတ်၊ အောင်မြင်မှုအိပ်မက်များဖြင့် တစ်ဖန်ပြည့်လျှံလာခဲ့သည်။ တရုတ်နိုင်ငံ...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး အစီအစဉ်ဖြင့် အခြေခံမုန့်ဖုတ်နည်းသင်တန်း အပတ်စဉ် (၅) နှင့် (၆) သင်တန်းများအား၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၈,၈၄၁ ဧက ရှိသောနယ်မြေကို မိုင်းဟိန်း (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှ စတင်၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အောက်တိုဘာ...