ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဝန်းကျိုးမြို့၊ နဂါးလှေလှော်စင်တာတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၊ မီတာ ၁,၀၀၀ အမျိုးသားနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းက ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။ ဦးခွန်ဂျာအောင်က “မြန်မာနိုင်ငံလှေလှော်အသင်းအနေနဲ့ နဂါးလှေ...
ဘစ်ကက်ရှ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) က ကာဂျစ်စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဧရာမအခွင့်အလမ်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကာဂျစ်စတန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ ကာဂျစ်စတန်-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သလို ယနေ့ခေတ်တွင်မူ ထိုအရာများမှာ မဟာဗျူဟာ...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၂.၄၅၃ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၅ ရက်တွင်ပြောသည်။
တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိဇုကျွန်းစုတောင်ဘက်တွင် အောက်တိုဘာ ၅ ရက်၌ ကနဦးတိုင်းတာချက်အရ ပြင်းအား ၆.၆ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။ အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁:၀၉ နာရီက...
တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် အကြီးအကျယ်ပျက်စီးမှုရှိနေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို အောက်တိုဘာ ၅ ရက်တွင် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုတိယအကြိမ် စတင်စွန့်ထုတ်ခဲ့ကြောင်း သိရသည်။ ဒေသခံ ငါးဖမ်းသမားများနှင့် အခြားနိုင်ငံများက စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုရှိနေသော်ငြားလည်း ရေဆိုးများ စွန့်ထုတ်မှုကို ဒေသစံတော်ချိန်...
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုသစ် တစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာ ၅ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။ Yaogan-39 ဂြိုဟ်တုတင်ဆောင်ထားသော Long March-2D သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နံနက်...
ဟန်ကျိုး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲများကို အောက်တိုဘာ ၄ ရက်က တရုတ်နိုင်ငံ ကျင်းဟွာအားကစားစင်တာ အားကစားရုံတွင် ကျင်းပခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသားအသင်းက အင်ဒိုနီးရှားအမျိုးသားအသင်းကို လည်းကောင်း၊ ဗီယက်နမ် အမျိုးသမီး...
ဘန်ကောက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အောက်တိုဘာ ၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆယ်ကျော်သက်အရွယ် သံသယ တရားခံတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က...
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယအစိုးရက ကနေဒါသံတမန် ၄၁ ဦးကို နေရပ်နိုင်ငံသို့ ပြန်သွားရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်ကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနှင့်ကနေဒါ နှစ်နိုင်ငံအကြား ကနေဒါနိုင်ငံသား ဆစ်ခ်ဘာသာဝင်တစ်ဦး သေနတ်ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ဖြစ်ပွားသည့် သံတမန်စစ်ပွဲ တစ်ဆင့်ထပ်တိုးအရှိန်မြင့်တက်လာခြင်း ဖြစ်သည်။...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ကျင်းဟွာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည်။ “ပိုက်ကျော်ခြင်းအားကစားက ၂၀၁၄ နောက်ပိုင်းမှာမှ ရွှေပြန်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ အားကစားသမားတွေအားလုံးရွှေတံဆိပ်ရရှိဖို့ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့အတွက်လည်း...