ဟာအယ်ပင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ဆန့်ကျစ်မြို့ရှိ ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသော ရွာသူ/ရွာသားများထံ စက်တင်ဘာ ၇ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ လုံဝမ်မြောက်ကျေးရွာ၌ ရှိနေစဉ် သမ္မတ ရှီက ဆန်စပါးကောက်ပဲသီးနှံစိုက်ခင်းများပေါ် ရေလွှမ်းမိုးမှု၏...
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသ ၆ ခုတွင် ရေအရင်းအမြစ်ဝန်ကြီးဌာနက ရေကြီးရေလျှံမှု တုံ့ပြန်သည့်အနေဖြင့် အရေးပေါ်အခြေအနေ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ အခြေအနေကို ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွမ်တုန်း၊ ကွမ်ရှီးနှင့်...
မနီလာ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံရှိ ဒေသ ၇ ခုတွင် စူပါဆိုင်ကလုန်းမုန်တိုင်း Saola ကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ နီးပါး ထိခိုက်ခံစားခဲ့ရကြောင်း အစိုးရက ဩဂုတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်များကြောင့် အနည်းဆုံး...
ဟန်ရွှေ ၊ ဩဂုတ် ၂၉ ရက်(ဆင်ဟွာ) ဇူလိုင်လနှောင်းပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဒေသများတွင် တိုင်ဖွန်းမုန်တိုင်းများ ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်။ ဟဲပေပြည်နယ် ဟန်ရွှေမြို့သည် သဘာဝဘေးဒဏ် အဆိုးရွားဆုံး ထိခိုက်ခံစားရသည့်နေရာတစ်ခု ဖြစ်ပြီး စာသင်ကျောင်းများတွင် ကျောင်းသားများ သတ်မှတ်စီစဉ်ထားသည့်အတိုင်း ပြန်လည်တက်ရောက်နိုင်စေရေးအတွက် သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအား...
နန်နင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသ လျင်ယွင်ခရိုင်တွင် ဩဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ အဆိုပါနေရာရှိ နေထိုင်သူ ၁၂,၀၀၀ ကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး လူဦးရေ ၆,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရကာ ကောက်ပဲသီးနှံ ဟက်တာပေါင်းများစွာ...
ပေကျင်း ၊ ဩဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ မုန်ထိုကိုးခရိုင်၌ ယခုလအစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရှိ မြစ်ကြောင်းများအတွင်း သောင်တူးခြင်းလုပ်ငန်းသည် အဓိကတိုးတက်မှုအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၇ ရက်အထိ ရွှံ့နွံ့များ ၊ သစ်ကိုင်းများ နှင့်...
ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်း မိုးရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အခြေအနေများကို ဆွေးနွေးရန် ဗီဒီယိုကွန်ဖရင့်တစ်ခု ဩဂုတ် ၁၄ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်ရုံးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဌာနတို့...
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တာဝန်ရှိသူများက ရေဘေးကယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ဒေသများ၌ လူနေမှုပုံစံနှင့် ထုတ်လုပ်မှုများကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ခံစားရသူများအား ကယ်ဆယ်ရေး ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်...
ပေကျင်း ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြန်နယ် ၊ ထျန်းကျင်းမြို့ နှင့် ပေကျင်းမြို့တို့၌ ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်း သွားသည်နှင့်အမျှ ယင်းဒေသရှိဘေးအန္တရာယ် လျော့ပါးရေး ကြိုးပမ်းအားထုတ်မှုများမှာ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြောင်းရွှေ့ရေးလုပ်ငန်းမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua) …………………………… (English...
ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ် ၈ ရက် ည ၁၂ နာရီအထိ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၃ ဦးရှိရာ အဓိကအားဖြင့် ရေကြီးရေလျှံဖြစ်၍ ရေနစ်မြုပ်ခြင်း၊ နေအိမ်ပြိုကျခြင်းတို့ကြောင့် လူသေဆုံးရခြင်း ဖြစ်ကြောင်း ပေကျင်းမြို့ကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပေကျင်းမြို့အစိုးရ...