ဒါကာ၊ မေ ၂၇ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယကမ်းရိုးတန်းများသို့ မေ ၂၆ ရက် ညပိုင်းက ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်...
နယူးဒေလီ၊ မေ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း Jharkhand ပြည်နယ်၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တွေ့ရှိပြီးနောက် တာဝန်ရှိသူများက ကြက်၊ ငှက်များအား သုတ်သင်ရှင်းလင်းမှု စတင်ခဲ့သည်။ Jharkhand ပြည်နယ် မြို့တော် Ranchi ရှိ နိုင်ငံပိုင် ကြက်၊ ဘဲမွေးမြူရေးခြံတစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း...
နယူးဒေလီ၊ မေ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ (အရှေ့ပိုင်း) အနောက်ဘင်္ဂလားပြည်နယ်တွင် မေ ၁၆ ရက်က မိုးကြိုးပစ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ မိုးကြိုးပစ်မှုသည် အနောက်ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့၏ မြောက်ဘက် ၃၂၇...
နယူးဒေလီ ၊ မေ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရာနာပြည်နယ်ရှိ စက်ရုံတစ်ခုအတွင်း၌ ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အလုပ်သမားနှစ်ဦးသေဆုံးပြီး အခြားသူ ၂၅ ဦးဒဏ်ရာရရှိကြောင်း မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားသည်။ ဆိုနီပက်ခရိုင် ခွန်းလီမြို့ ရှိ စက်ရုံတစ်ခုအတွင်း၌ မေ ၁၅...
နယူးဒေလီ၊ မေ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယမိုးလေဝသဌာန (IMD) က နိုင်ငံအနောက်မြောက်ပိုင်းအတွက် အပူလှိုင်းသတိပေးချက်အား မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လာမည့်လေးရက်အတွင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် နေ့စဉ် အမြင့်ဆုံးအပူချိန်မှာ ၃-၄ ဒီဂရီစင်တီဂရိတ် တိုးလာမည်ဟု ခန့်မှန်းသည်။ (Xinhua) …………………………....
နယူးဒေလီ၊ မေ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သံဖြင့်ပြုလုပ်ထားသော ဧရာမကြော်ငြာဆိုင်းဘုတ် ပြုတ်ကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ ဆိုင်းဘုတ်ကြီးသည် မွမ်ဘိုင်းမြို့ Ghatkopar နေရာတွင် မေ ၁၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊...
နယူးဒေလီ၊ မေ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ပြင်းထန်သောအပူလှိုင်းကြောင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို မေ ၆ ရက်အထိ ပိတ်ထားရန် ပြည်နယ်အစိုးရက ညွှန်ကြားထားကြောင်း၊ ပြည်သူများအနေဖြင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ ရှောင်ရှားရန်နှင့် မီးလောင်မှုအခြေအနေများကို ရှောင်ကွင်းနိုင်ရေး စောင့်ကြည့်ရန် တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရသည်။...
နယူးဒေလီ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။ ဘီဟာ၏ မြို့တော်ပတ္တာနာ၏ အရှေ့မြောက်ဘက် ၁၈၄ ကီလိုမီတာခန့် အကွာရှိ ဒက်ဟန်ဂါခရိုင် အလီနာဂါဒေသ၌ ဧပြီး၂၅...
နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော ဟာယာနာတွင် ကျောင်းသားများ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး ဧပြီ ၁၁ ရက်က တိမ်းမှောက်ခဲ့သောကြောင့် ကျောင်းသားခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဘတ်စ်ကားတိမ်းမှောက်ခြင်းသည် ကာနီနာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းမဖြစ်မီ...
နယူးဒေလီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းတင်ပို့မှုများသည် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၆၃ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua) ………………………………….. (English Version)...