ဝူဟန့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် စမ်းသပ်မှုအဆင့် ၁ ကို အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကျိုချွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ရန် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုနှစ်စင်းကို မေ ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။