Connect with us

Science & Technology

တရုတ်နိုင်ငံက IoT စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်း လွှတ်တင်

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ရန် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုနှစ်စင်းကို မေ ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၉:၁၆ နာရီက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဂြိုဟ်တုနှစ်စင်းသည် သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှင်းယွင်ဂြိုဟ်တုကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆိုပါ ဂြိုဟ်တုများသည် အာကာသအခြေစိုက် IoT ဆက်သွယ်ရေး၊ ဂြိုဟ်တုအချင်းချင်း လေဆာဆက်သွယ်ရေးနှင့် စရိတ်နည်းဆက်သွယ်ရေးပလက်ဖောင်းတစ်ခု အပါအဝင် နည်းပညာဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

KZ-1A သည် မြင့်မားသော ဂြိုဟ်ပတ်လမ်းကြောင်း အသေးစိတ် ပါဝင်ပြီး ပြင်ဆင်ချိန်ကာလလည်း တိုတောင်းသော အစိုင်အခဲလောင်စာ အသုံးပြု စရိတ်နည်း သယ်ဆောင်ရေးဒုံးပျံတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်း (CASIC) အောက်ရှိ ဆန်းကျန့်အုပ်စု၏ မိတ်ဖက်ကုမ္ပဏီတစ်ခုမှ တီထွင်ထားခြင်းဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းနိမ့်သွား ဂြိုဟ်တုငယ်များ လွှတ်တင်ရန် အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။မေ ၁၂ ရက်တွင် လွှတ်တင်မှုသည် KZ-1A သယ်ဆောင်ရေးဒုံးပျံ၏ ၉ ကြိမ်မြောက် လွှတ်တင်ခြင်းလည်း ဖြစ်သည်။  (Xinhua)