မကွေး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ဇူလိုင် ၁၅ ရက်အထိ အိမ်ထောင်စု ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။ ရေဘေးသင့်ပြည်သူများကို ရပ်ကွက်ဓမ္မာရုံများနှင့် လမ်းနံဘေးနေရာလွတ်များတွင် ယာယီတဲထိုး၍ နေထိုင်ကြရကြောင်း သိရသည်။...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၄၀၂ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၆၄၄, ၅၈၄ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၅.၇.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။...
ချောင်းသာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် လာရောက်အပန်းဖြေကြသူများ၏ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းမြင်ကွင်းများဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဇူလိုင် ၁၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း အဓိကဝင်ရောက်သည့် ခရီးသွားဧည့်သည်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း...
မကွေး၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ မကြီးကန်ကျေးရွာ၌ တောင်သူများက မိုးခေါ်လွန်ဆွဲပွဲကို ဇူလိုင် ၁၁ ရက်က စတင်ပြုလုပ်နေကြသည့် မြင်ကွင်းများ ဖြစ်ပါသည်။ အညာဒေသဖြစ်သည့် မကွေးမြို့နယ်အတွင်း မြေပဲ၊ နှမ်း စိုက်ခင်းများ မိုးခေါင်မှု ကြုံတွေ့နေရပြီး ထိုသို့ကြုံတွေ့ပါက ငါးရံ့မင်း...
အောင်လံ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ မန်ကျည်းကုန်းရပ်ကွက်ရှိ ရှင်လရောင် (ရင်ခွင်မဲ့) ပရဟိတ သီလရှင်ကျောင်းတွင် လသားအရွယ် စွန့်ပစ်ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း ပရဟိတသီလရှင်ကျောင်းမှ သိရသည်။ အဆိုပါ ကျောင်းကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ရာ မိဘမဲ့နှင့် မိသားစုအခက်အခဲကြောင့် စွန့်ပစ်ခံရသော...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၃၇၉ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၅၉၃, ၂၅၉ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၁.၇.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။...
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လှိုင်မြစ်အတွင်း ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် သမ္ဗန်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သမ္ဗန်ပေါ် လိုက်ပါလာသူ ၁၆ ဦးအနက် ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ၈ ဦးမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ (Xinhua)...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၃၆၃ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၅၅၉,၆၄၅ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၀.၇.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)...
အောင်လံ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ တန်ဘိုးကျေးရွာတွင် ဇူလိုင်လဆန်းပိုင်းက မိုးကောင်းစွာမရွာသဖြင့် ရိုးရာမိုးခေါ်လွန်ဆွဲပွဲ ပြုလုပ်နေသည့်မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)