Media12 seconds ago
ပရိသတ်များကို ဆွဲဆောင်နိုင်ခြင်းက ပရော်ဖက်ရှင်နယ်အဆင့် လိဂ်ပြိုင်ပွဲများ၏ ထိပ်တန်းဦးစားပေးဖြစ်ဟု JFA အကြီးအကဲဟောင်း ဆို
ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်ဦးရေ တိုးပွားလာခြင်းက ထိပ်တန်း ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲများ၏ အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌဟောင်းဖြစ်သူ ဆာဘူရို ကာဝါဘူချီက ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး ပြုလုပ်စဉ်အတွင်း ပြောကြားခဲ့သည်။ “ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲတိုင်းရဲ့ အဓိကအကျဆုံးမစ်ရှင်ကတော့ အားကစားကွင်းထဲကို ပရိသတ်ဦးရေ များများပိုဝင်လာအောင် ဆွဲဆောင်ဖို့ပါပဲ” ဟု...