ဘန်ကောက်၊ ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ငြိမ်းချမ်းရေးပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပြီးနောက် အချိန်နှစ်လပင်မရှိသေးသောကာလအတွင်း ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ နေရာများစွာ၌ အမြောက်များပစ်ခတ်ခြင်းဖြင့် နယ်စပ်အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ပြည်နယ်များစွာရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နှစ်ဖက်လုံးက...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားနေခြင်းကြောင့် နယ်စပ်ပြည်နယ်များရှိ စာသင်ကျောင်းပေါင်း ၃၇၇ ကျောင်း ပိတ်ထားရကြောင်း ကမ္ဘောဒီးယားအစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “ကျောင်းပိတ်ထားမှုကြောင့် ကျောင်းသား ၇၈,၅၈၅ ဦးနှင့် ဆရာ၊ ဆရာမ ၃,၁၉၇ ဦး ထိခိုက်နစ်နာခဲ့ရပါတယ်”...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယား အရပ်သား နောက်ထပ် ၂ ဦးသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ နယ်စပ် ပဋိပက္ခအတွင်း သေဆုံးခဲ့ရကြောင်း၊ နယ်စပ်ပဋိပက္ခ အသစ်တစ်ကြိမ်ဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယား အရပ်သား ၆ ဦး သေဆုံးပြီးဖြစ်ကြောင်း...
ဘန်ကောက်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ထိုင်းဝန်ကြီးချုပ် အနူတင်က ဒီဇင်ဘာ ၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ခုပြီးနောက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအား ရုပ်သံမိန့်ခွန်းပြောကြားခဲ့ရာ အစိုးရအနေဖြင့် အခြေအနေတိုးတက်ဖြစ်ပေါ်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ လုံခြုံရေးဌာန အဖွဲ့အစည်းအသီးသီးကို ဘက်စုံ အင်အားစုစည်းရန် အမိန့်ပေးပြီးဖြစ်ရာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်...
ဘန်ကောက်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) လက်ရှိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ပြည်နယ် ၄ ခုမှ အရပ်သား ၇၀ ရာခိုင်နှုန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း၊ လူပေါင်း ၃၅,၀၀၀ ခန့်ကို ယာယီနေရာချထားရေးစခန်းတွင် စာရင်းသွင်းပြီးဖြစ်ကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ဒီဇင်ဘာ ၈ ရက်...
ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၅ ရက်တွင် ထိုင်းဘုရင့်နိုင်ငံ အမျိုးသားနေ့အတွက် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်တစ်နှစ်အတွင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုရေးသည် တည်ငြိမ်စွာ တိုးတက်ခဲ့ပြီး ပြည်သူများလူနေမှုဘဝသည်...
– တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပထမဆုံးမြို့လယ် အကောက်ခွန်လွတ်ဈေးဆိုင် ဖွင့်လှစ် – တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းက ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်း စတင်မည် – ယူကရိန်းသမ္မတ ထိပ်တန်းလက်ထောက် ရာထူးမှနုတ်ထွက်စာတင် – ဒမတ်စကပ်စ်မြို့ ကျေးလက်ဒေသတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးပြီး...
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာကို နိုဝင်ဘာ ၂၈ ရက်တွင် ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် ဝမ်ရိက ထိုင်းနိုင်ငံတောင်ပိုင်း ဒေသအများအပြား၌ ဆိုးရွားသော...
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆိုးရွားသော ရေကြီးရေလျှံမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ ရေမျက်နှာပြင်အဆင့်များ ကျဆင်းသွားပြီဖြစ်သလို ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များက နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ သေဆုံးသူများမှာ နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်...
ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဆုန်ခလာပြည်နယ်၌ နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ မကြုံစဖူးမိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို ထိုင်းနိုင်ငံအစိုးရက တုံ့ပြန်ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အထူးကြီးကြပ်ကွပ်ကဲမှု စင်တာတစ်ခုကို တည်ထောင်ပြီးနောက်...