ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ Netzarim စင်္ကြံမှ အစ္စရေးတပ်များ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ Netzarim စင်္ကြံရှိ စစ်ကင်းစခန်းများကို အစ္စရေးတပ်က ဖျက်သိမ်းသွားပြီဖြစ်ပြီး ဂါဇာကမ်းမြောင် တောင်-မြောက်ဆက်သွယ်ရာလမ်းဖြစ်သည့်...
ဘူချာရက် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အရှေ့ဥရောပရှိ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မဟာမိတ်များကို အားဖြည့်ပေးမည့် အမေရိကန်တပ်ဖွဲ့ ပထမအသုတ်သည် ရိုမေးနီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယင်းအမေရိကန်တပ်ဖွဲ့ဝင်များသည် နောက်ဆက်တွဲဖြစ်သော တပ်ဖြန့်ချထားခြင်းများအတွက် ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့်အတူ တာဝန်ယူထားကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး Vasile Dincu က...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ နယ်စပ်များတွင် တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံက ဥရောပသို့ နောက်ထပ်တပ်ဖွဲ့ဝင်များအား စေလွှတ် တပ်ဖြန့်ချထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါတပ်ဖြန့်ချထားမှုတွင် လက်ရှိ ဂျာမနီနိုင်ငံ၌ အခြေစိုက်နေသော အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀...