ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ၁၀ နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ အာဖရိကသမဂ္ဂကော်မတီ (C10)နှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) က ကမ္ဘာ့တောင်ဘက်ခြမ်းကို အားပေးထောက်ခံသည့် တရုတ်နိုင်ငံ၏လှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အခမ်းအနားသို့ ဒေသစံတော်ချိန်...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံအကြား လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၏ အနီရောင်စည်းအား ချိုးဖောက်လျက် အရပ်သားများအပေါ် မဆင်မခြင် တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက...
နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၄ ရက်က ဂျီနီဗာ၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အမေရိကန် စသည့် နိုင်ငံအနည်းစုက ရှင်းကျန်းနှင့်ပတ်သက်သည့်ကိစ္စရပ်အပေါ် မဟုတ်မမှန် လုပ်ကြံပုတ်ခတ်ပြောဆိုခဲ့မှုနှင့်စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကုလသမဂ္ဂ...
နယူးယောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) နှစ်ရက်ကြာ ကုလသမဂ္ဂ အနာဂတ်ထိပ်သီးအစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၂ ရက်က ဖွင့်လှစ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးပွဲတွင် “အနာဂတ် သဘောတူညီချက်” နှင့် ၎င်း၏ပူးတွဲအကြောင်းအရာများကို အတည်ပြုခဲ့ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ မူဘောင်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်စေရန်၊...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်ဘနွန်-အစ္စရေး အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာနိုင်မှုအပေါ် အထူးစိုးရိမ်ကြောင်း၊ ဘက်ပေါင်းစုံက တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၂၀ ရက် လုံခြုံရေးကောင်စီ၏ လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ်...
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အစ္စရေးက လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်တောင်ဘက်မြို့ဆင်ခြေဖုံးကို စက်တင်ဘာ ၂၀ ရက်က တိုက်ခိုက်ခဲ့ရာ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြီးတန်းစစ်ဘက်ဆိုင်ရာတပ်မှူး Ibrahim Aqil သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အဆိုပါနေ့ ညပိုင်းတွင် အတည်ပြုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) လက်နက်သုံးသည့် အယူသန်မှုမျိုးကို စွန့်လွှတ်ရန်၊ စစ်ရေးဖြင့် အပြည့်အဝ အနိုင်ရလိုသည့် စိတ်ကူးယဉ်မှုကို စွန့်လွှတ်ရန်၊ ဂါဇာ၌ စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးသည့် လုပ်ရပ်ကို ရပ်တန့်ရန်၊ ဒေသတွင်းတွင် ကပ်ဘေးအန္တရာယ်နောက်ထပ်တစ်ခု ဖြစ်ပွားစေနိုင်မည့် လုပ်ရပ်အား...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော တောင်းဆိုမှုများကို နားထောင်ရန်နှင့် ပါလက်စတိုင်းနယ်မြေများ တရားမ၀င် သိမ်းပိုက်မှုကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပါလက်စတိုင်းအရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေးတွင် စက်တင်ဘာ...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးများ ရပ်တန့်ရေးအတွက် ထင်သာမြင်သာရှိသော ပြုမူဆောင်ရွက်မှုများကို နှောင့်နှေးခြင်းမရှိဘဲ တွန်းအားပေးလုပ်ဆောင်ရန် တရုတ်သံတမန်က စက်တင်ဘာ ၁၆ ရက်၌ တိုက်တွန်းခဲ့သည်။ “အမေရိကန်အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း တာဝန်ယူမှုသဘောထားကို ပြသကာ အဖွဲ့အစည်းအပေါ် ထိထိရောက်ရောက်လွှမ်းမိုးနိုင်မှုကို...