ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသည် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် “ရွှေရောင်သော့ချက်” ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးအတွင်း အလွတ်သဘောဆွေးနွေးခြင်း အလုပ်သဘောနေ့လယ်စာသုံးဆောင်စဉ်...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ပိုမိုကွန်ရက်ချိတ်ဆက်မှုရှိသော၊ ဆန်းသစ်မှုရှိသော၊ အားလုံပါဝင်မှုရှိသော APEC ဒေသတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ နိုဝင်ဘာ ၁၆ ရက်မှစ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီအီးအို ထိပ်သီးအစည်းအဝေးတွင် အာရှ-ပစိဖိတ် စာမျက်နှာသစ်ရေးသားရန် စည်းလုံးညီညွတ်ရေး ရည်ရွယ်ချက်ဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသော မိန့်ခွန်းကို နိုဝင်ဘာ ၁၆ ရက်က...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် နိုဝင်ဘာ ၁၅ ရက်၌ တရုတ်-အမေရိကန် ဆက်ဆံရေး ဦးတည်ချက်၏ မဟာဗျူဟာကျ၍ ဆက်စပ်သော အရေးကြီးကိစ္စရပ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ရောက်စေသည့် အဓိကကိစ္စရပ်များအပေါ် ပွင့်လင်း နက်ရှိုင်းစွာ...
ရှန်ဟိုင်း နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွင်း အမေရိကန် စားသောက်ကုန်နှင့် စိုက်ပျိုးရေးပြခန်း၌ ပါဝင်ပြသသူများက စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၅ သန်းတန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham Shanghai) ပြောကြားချက်အရ သိရသည်။...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲသည် အမေရိကန်ကုမ္ပဏီများအတွက် ၎င်းတို့၏ နည်းပညာများနှင့် ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်ရေးအတွက် မဟာအခွင့်အလမ်းကြီးဖြစ်ကြောင်းနှင့် လာမည့်နှစ် ပြပွဲတွင် ပါဝင်ပြသနိုင်ရန် မျှော်လင့်ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Eric Zheng က ပြောခဲ့သည်။ ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့်...
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဉ္စမအကြိမ်မြောက် တရုတ်-အမေရိကန် ညီအစ်မမြို့တော်များကွန်ဖရင့်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို နိုဝင်ဘာ ၃ ရက်တွင် ပေးပို့ခဲ့ကြောင်း၊ ညီအစ်မပြည်နယ်များကြားနှင့် ညီအစ်မမြို့တော်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်လေးခုအတွင်း အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေး...
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ငွေကြေးလုပ်ငန်းအဖွဲ့၏ ပထမဆုံးအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု၊ ငွေကြေးထိန်းသိမ်းမှု၊ ဘဏ္ဍာရေး ထိန်းသိမ်းမှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတွင် ငွေကြေးပံ့ပိုးမှု တိုက်ဖျက်ရေး၊ ကမ္ဘာ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်...
ဝါရှင်တန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် အောက်တိုဘာ ၂၆ ရက်က ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ သတင်းမီဒီယာတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝမ်ရိက ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရခြင်းမှာ...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရေးနှင့် ဘုံသာယာဝပြောမှုအတွက် တွန်းအားပေးရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် ညစာစားပွဲသို့...