ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်ရာမှာ ဆောက်တည်ရာမရအခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ရှင်းကျန်းဒေသအား အသုံးချရန်ကြိုးပမ်းမှုသည် ဘယ်သောအခါမျှ အောင်မြင်မည်မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရွှေ့ပြောင်းနေထိုင်သူ လှိုင်းထန်မှုပြဿနာကို ဘိုင်ဒန်အစိုးရက လက်တွေ့တွင် သမားရိုးကျ အတွေးအမြင်ဖြင့်သာ ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ရာ ၎င်းမှာ ဗဟိုအမေရိကစသည့်ရွှေ့ပြောင်းနေထိုင်သူအရေးကို လက်တွေ့တွင် ဖြေရှင်းနိုင်စွမ်းမရှိသလို ဖြေရှင်းနိုင်မည့်နည်းလမ်းလည်းမဟုတ် ဖြစ်နေသည်။ ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူအရေးကို ရေသောက်မြစ်မှဖြေရှင်းမည်ဟု အမေရိကန်က အမြဲတစေ ကြေညာပြောကြားနေသော်လည်း ယနေ့အထိ တိကျသည့်လုပ်ဆောင်မှုများက...
တီဟီရန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်သည် မိမိကိုယ်ကို “တောင်ထိပ်ထက်ရှိမြို့” နှင့် “မီးပြတိုက်တိုင်းပြည် ” ဟု အမြဲ ခေါ်ဝေါ်ခဲ့သလို စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်းသည် “သမိုင်း၏အဆုံး” ဟူသော ရူးသွပ်သောအတွေးအခေါ်ထဲတွင် နစ်မြောနေကာ ပြင်ပကမ္ဘာသို့ ၎င်း၏ နိုင်ငံရေးစနစ်နှင့် ဒီမိုကရေစီ အတွေးများကို...
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလယ်ပိုင်းရှိ နေရာအတော်များများ၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ် ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ထံ ဒီဇင်ဘာ ၁၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။...
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ယူကရိန်းကို ရုရှား၏ ကျူးကျော်နိုင်ဖွယ်ရှိသည်ကို ကာကွယ်တားဆီးဖို့ အမေရိကန်အနေဖြင့် စစ်တပ် သီးသန့်စေလွှတ်ကူညီမည်မဟုတ်ကြောင်း ၊ သို့သော်လည်း “ယခင်က မရှိခဲ့ဖူးသည့်” ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့်...
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Qin Gang က တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်အတူလက်တွဲကာ သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးခဲ့မှုများအား အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် အင်အားများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျင်းပသည့်”ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲ”သည် စစ်အေးတိုက်ပွဲအတွေးအခေါ်ကို ပြန်လည်အသက်သွင်းသည့် လုပ်ဆောင်ချက် ဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်း၏ အထူးဂရုပြုမှုဖြစ်စေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအနေဖြင့် ဒီမိုကရေစီကို ဆန့်ကျင်သည့်...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် နိုဝင်ဘာ ၁၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင် တို့သည် နို၀င်ဘာ ၁၆...
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကိစ္စနှင့် ဆက်လျဉ်းသော မှားယွင်းသော မှတ်ချက်များနှင့် အပြုအမူများကို ရပ်စဲရန်၊ “ထိုင်ဝမ်လွတ်လပ်ရေး” တပ်ဖွဲ့များအား မှားယွင်းသော အချက်ပြမှုများ ပေးပို့မှု ရပ်စဲရန်နှင့် ထိုင်ဝမ်ရေလက်ကြားတစ်ခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထပ်မံချိုးဖောက်မှုများကို ရပ်စဲရန် တရုတ်ပြည်မကြီး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ...
မော်စကို၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ပင်လယ်နက်တွင် အမေရိကန် စစ်တပ်၏ လှုပ်ရှားမှုတိုင်းကို ရုရှားစစ်တပ်က အနီးကပ်စောင့်ကြည့်နေကြောင်း၊ ရန်လိုရန်စသည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးLarisa Shoygu က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ဒေသတွင်းမဟုတ်သည့် နိုင်ငံကြီးတစ်နိုင်ငံမှ စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ဆီသို့ ဦးတည်ရွေ့လျားလာကြောင်း၊...