ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့ဖရဲသီးများ ကို တရုတ်နိုင်ငံမှဈေးကောင်းပေးဝယ်ယူလျက်ရှိသောကြောင့် အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရရှိနေကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်းဒုတိယဥက္ကဋ္ဌဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင်ပြောသည်။ ဦးမင်းသိန်းက “နွေဦးရာသီစရောက်လာပြီဆိုတော့ တရုတ်နိုင်ငံက ဖရဲသီးတွေ နဲ့သခွားမွှေးတွေ အဝယ်လိုက်လာတာတွေ့ရတယ်။ တရုတ်နှစ်သစ်ကူးအပြီး မှာအဝယ်တွေပိုလိုက်လာတာပါ။ ဖရဲသီး၊ သခွားမွှေးနဲ့...