ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး ၊ တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေး ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ မေ ၂၅ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ တိုက်ဖျက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ ပထဝီနိုင်ငံရေးရည်မှန်းချက်များ နှင့် စီးပွားရေး အကျိုးအမြတ်များသို့မဟုတ် နိုင်ငံရေးအရ ချည်နှောင်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်၏ဇစ်မြစ်ကို ရှာဖွေသွားမည်ဖြစ်ပြီး ထိုသို့ရှာဖွေရာတွင် ပညာရှင်ဆန်စွာ၊ သမာသမတ်ကျစွာနှင့် အပြုသဘောဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မေလ ၂၄ ရက်တွင် ကျင်းပခဲ့သည့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ကျင်းပသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အာဖရိကတိုက်နှင့်အတူ တစ်ဖက်နှင့်တစ်ဖက် အတူရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံတင်မကဘဲ အမေရိကန်နိုင်ငံ အတွက်ပါ ဘုံရန်သူဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများသည် အချင်းချင်းကူညီရိုင်းပင်းခြင်းအားဖြင့် ကောင်းမွန်သည့်အကျိုးစီးပွါးများကိုဖြစ်ထွန်းနိုင်စေကြောင်းတရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာကျန်းမာရေးအဖွဲ့ WHO အား ရွံ့ဖြင့်ပစ်ပေါက်ပါက တစ်နည်းအားဖြင့် အပြစ်တင်ပြောဆိုပါက  ၎င်းပြုလုပ်သူထံသို့ ရွံ့ပြန်စင်နိုင်သလို အပြစ်တင်ခံရနိုင်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၄ ရက်တွင်ပေကျင်း၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ယနေ့ ပေကျင်းမြို့ တွင်ကျင်းပသည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုကို ငြင်းပယ်ခြင်း နှင့် ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒကို အသစ်တစ်ဖန် လုပ်ဆောင်ခြင်းက အနာဂတ်မဲ့နိုင်ကြောင်း နိုင်ငံတော် ကောင်စီဝင်နှင့်  နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

 

ဝမ်ရိ၊ မေ ၂၄ ရက် (ဆင်ဟွာ)

COVID-19 နှင့်ပတ်သက်၍ အခွင့်အာဏာများ မရှိဘဲ တရုတ်နိုင်ငံအပေါ်တရားစွဲဆိုမှုများသည် ခိုင်လုံသည့်အချက်အလက် ၊ ဥပဒေ မရှိသလို နိုင်ငံတကာ စံနှုန်းများနှင့် လည်း လုံးဝ ကိုက်ညီမှုမရှိကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မေ ၂၄ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ကြောင်းသိရသည်။ ( Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်အရေးတွင် မည်သည့်ပြင်ပ ဝင်ရောက်စွက်ဖက်မှုမှ သည်းခံလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ရိက မေလ ၂၄ ရက်တွင် ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

ပေကျင်း၊ မေ ၂၄  ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ မေ ၂၄ ရက်၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများကိုရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တကမ္ဘာလုံးအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 အား တိုက်ဖျက်ရန် အထူးပင်အရေးကြီးကြောင်းပြောကြားခဲ့သည်။  COVID-19 ဖြစ်ပွားမှုမှ သင်ယူရရှိခဲ့သည်မှာ နိုင်ငံအသီးသီးရှိ ပြည်သူများအားလုံး၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးမှာ အလွန်ပင် စပ်ဆက်လျှက်ရှိကြောင်း ဝမ်ရိကပြောကြားခဲ့သည်။ (Xinhua)