07
Sat, Dec
488 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာရှတိုက်အတွင်းရှိ ရေဝပ်ဒေသများမှ ရေပျော်ငှက်များ စာရင်း ကောက်ယူခြင်းကို နှစ်စဉ် ဇန်နဝါရီ ၆ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက် လျက် ရှိရာ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီး ကန်အတွင်း ရေပျော်ငှက်စာရင်း ကောက်ယူခြင်းကို ယခုလ ၉ ရက်နေ့တွင် အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးဌာန၏ ဦးဆောင်မှုဖြင့် ကောက်ယူခဲ့ရာ ရေပျော်ငှက် ၄၁ မျိုးနှင့် ကောင်ရေပေါင်း ၁၇,၂၄၉ကောင် တွေ့ရှိ မှတ်တမ်း တင်နိုင် ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာစဉ်လာမပျက် ကျင်းပမည့် ဒသမအကြိမ်မြောက် ရထားဆွဲပွဲ တော်ကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်(တပို့တွဲလပြည့်နေ့)ထိ စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း ကျင်းပမည့် Myanmar Idol Season 3တွင် Winnerရရှိသူကို ကျပ် သိန်းငါးရာဆုချီးမြှင့်ပြီး တစ်ကိုယ်တော် ခွေထုတ်ပေးမည်ဖြစ်ကြောင်း ယခုကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈၆ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ မြို့နယ်များတွင် ၃ နှစ်ကြာ စီမံကိန်း တစ်ရပ်အား နယ်စပ် ရေးရာ ဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d'Echanges Technologiques (GRET) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် ၊ စိန်ကန့်လန့်ကျေးရွာအနီး၌ မုက္ခာ ရေတံခွန် ဆင်စခန်းအား ဖွင့်လှစ် လိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီး စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ် အုတ်ချပ်အရွယ် မဟုတ်သောကြောင့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦး ကြားမှ သာသနိက အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ကြောင်း

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ ဇန်နဝါရီ ၁၄ ရက်မှ ၁၅ ရက် အထိ ကျင်းပ ပြုလုပ်မည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ အသိပေးထားကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ် (၁၅၉၀) လုံးအား လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေး ၊ မှုခင်း ကျဆင်းရေး လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လင်းယုန်စီမံချက်ကို ဇန်နဝါရီလ ၁ ရက်မှ စတင် ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။