ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ကာတာနိုင်ငံမှ ပြန်လာသူ ၃ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၉၀ဦး ရှိလာခဲ့ကြောင်း သိရသည်။
ထိုင်အယ်ကျွမ်း၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျောက်ကျွမ်းမြို့တွင် တည်ရှိသည့် ထိုင်အယ်ကျွမ်း ရှေးဟောင်းမြို့လေးသည် ညအခါ မီးရောင်စုံများ ထိန်ထိန်လင်းကာ ဒြပ်မဲ့ယဉ်ကျေးမှု ဖျော်ဖြေပွဲများ၊ Barများ၊ ညဈေးတန်း၊ စားသောက်ဖွယ်မျိုးစုံဖြင့် စည်းကားလျက်ရှိသလို အပန်းဖြေလှော်ခတ်နေသည့် လှေငယ်လေးများကိုလည်း တွေ့မြင်နိုင်ကာ ဆက်ဆိုဟွန်းဟု ခေါ်သည့် ကြေးနှဲမှုတ်သံ၊တေးသီချင်းသီဆိုသံများဖြင့် ပျော်ရွှင်ကြည်နူးဖွယ်မြင်ကွင်းများကို...
ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှီအန်းမြို့တွင်ရှိ ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသာရှိသော ဖမ်းဆီးမွေးမြူထားသည့် အညိုရောင် ပန်ဒါကြီးမျိုး Qi Zai သည် အစားအသောက် အလွန်မက်မောသော ပန်ဒါဝက်ဝံကြီးတစ်ကောင်အဖြစ် နာမည်ကြီးနေသည်။ (Xinhua)
ဟဲပေ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မေဟွားသိုင်းပညာကို “မေဟွားကျွမ်း” သို့မဟုတ် “မေချွမ်”ဟု လည်း ခေါ်ဆိုပါသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ရိုးရာသိုင်းပညာတစ်မျိုးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီက ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ဟဲပေပြည်နယ် ဖိန်ရှန်းခရိုင်သည် မေဟွားသိုင်းပညာ၏ အစပျိုးရာ ရေသောက်မြစ်ဖြစ်ပြီး ၂၀၀၈...
ရန်ကုန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင် ယနေ့ ဇွန်လ ၂၁ ရက် ၌ ဖြစ်ပေါ်ခဲ့သော နေကြတ်မှု မြင်ကွင်းများ ကို Time City မှ ရိုက်ကူး ရယူထားသည့် ပုံရိပ်များဖြစ်ပါသည်။ (Xinhua)
ချန်းလီ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဟဲပေပြည်နယ် ချန်းလီခရိုင်ရှိ လွမ်ဟော်မြစ်ဝ လေအားလျှပ်စစ်စီမံကိန်း ဒုတိယကာလ လုပ်ငန်းစဉ်များ စတင်ပြီဖြစ်ရာ ပန်ကာဒလက်များ စတင်တပ်ဆင်၍ ဆိုင်းကြိုးသွယ်မှုများ ပြုလုပ်လျက်ရှိသည်။
ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။