Connect with us

Videos

တရုတ်ရိုးရာ “မေဟွားသိုင်းပညာ”ကို ကျန်းမာရေးအားကစားလှုပ်ရှားမှုတစ်ခုအဖြစ် ကျောင်းသားကျောင်းသူများ လေ့ကျင့်နေ

ဟဲပေ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

မေဟွားသိုင်းပညာကို “မေဟွားကျွမ်း” သို့မဟုတ် “မေချွမ်”ဟု လည်း ခေါ်ဆိုပါသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ရိုးရာသိုင်းပညာတစ်မျိုးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီက ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်  သတ်မှတ်ခဲ့သည်။ ဟဲပေပြည်နယ် ဖိန်ရှန်းခရိုင်သည် မေဟွားသိုင်းပညာ၏ အစပျိုးရာ ရေသောက်မြစ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ၎င်းသိုင်းပညာကို စာသင်ကျောင်း၏ကျောင်းတွင်း အားကစား လှုပ်ရှားမှုတစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ လက်ရှိ ဖိန်ရှန်းခရိုင်တစ်ခုလုံးရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၇၂ ကျောင်းတွင် ကျောင်းသားပေါင်း ၄ သောင်းကျော်က မေဟွားသိုင်းပညာကို အားကစားနည်းတစ်ခုအနေဖြင့် သင်ယူလေ့ကျင့်နေကြသည်။ ၎င်းဒေသ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ  ရိုးရာ မေဟွားသိုင်းပညာ အားကစားလေ့ကျင့်နေသည်ကို  အမြဲတမ်းဆိုသလို တွေ့မြင်နိုင်ပါသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.