ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အထိုက်အလျောက် ထိခိုက်မှုများ ရှိခဲ့သဖြင့် တောင်သူလယ်သမားများ အတွက် COVID-19 အထူးချေးငွေ ထပ်ဆောင်းပံ့ပိုး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးတွင် အဆုံးအဖြတ် ရယူခဲ့ရာ ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံမပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဟဲနန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ နွေရာသီကောက်ရိတ်သိမ်းချိန် ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျိုးခိုမြို့၌ အကျယ် ၆,၆၀၀ ဟတ်တာရှိသော ဂျုံစိုက်ခင်းအား ကောက်ရိတ်စက်ကြီးများဖြင့် ရိတ်သိမ်းမှု အဆင့်ဆင့်ပြုလုပ်နေကြသည်။ ဟဲနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အဓိက ဂျုံစိုက်ပျိုးရာ ဒေသတစ်ခု ဖြစ်ပြီး ဂျုံစိုက် ဧရိယာ...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ယန်ကျဲ့ချီသည် မကြာသေးမီကတောင်းဆိုချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် အမေရိကန် ဟာဝိုင်အီပြည်နယ်၌ အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်ကျန်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန်ကျန်းမြို့တွင် သောင်တင်နေသော နတ်သမီးအပြုံးဟု အမည်ပေးထားသည့် လင်းပိုင်တစ်ကောင်ကို ဒေသခံများက ဇွန် ၁၄ ရက်တွင် ကယ်တင်ကာ ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။ အဆိုပါလင်းပိုင်သည် ကယ်ဆယ်ပေးခဲ့သူများအား ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ၎င်းအားတင်ဆောင်လာသော...
ချုံချင့်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်ဒေသရှိ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းဒေသတစ်ဝိုက်အား ထိန်းသိမ်းကာကွယ်ရန် ရန်ပုံငွေများတိုးမြှင့်ချထားမည်ဖြစ်ကြောင်းသိရသည်။ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းမှာ ယန်ဇီမြစ်ကြောင်း၏ အပေါ်ပိုင်းတွင်တည်ရှိသည်။ ၎င်းဒေသသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေထိန်းချုပ်ရေး အစီအမံများလုပ်ဆောင်ထားသည့် ရေကာတာစီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ၎င်းသည် တရုတ်နိုင်ငံ၏...
ထျန်းကျင်း၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမှ အပြိုင်တင်သွင်းသည့် မော်တော်ယာဉ် အစင်း ၃,၀၀၀ ကျော် သည် ကားတင်သင်္ဘောကြီးတစ်စင်းဖြင့် တရုတ်နိုင်ငံ ထျန်းကျင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့လာခဲ့ကြောင်း သိရသည်။ Swallow Ace အမည်ရသည့် သင်္ဘောကြီးသည် ဒူဘိုင်းမှ ထျန်းကျင်းဆိပ်ကမ်းသို့မကြာသေးမီက ဆိုက်ရောက်လာသည့် ဒုတိယမြောက် ကားတင်သင်္ဘော...
အစ္စတန်ဘူလ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့တွင် စားသောက်ဆိုင်တစ်ဆိုင် ၌ လာရောက်သုံးဆောင်သူများအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရန် စားပွဲဝိုင်းများအား သီးသန့် ဖန်တီးထားပုံကို တွေ့မြင်နိုင်သည်။ (Xinhua)