Connect with us

Asia

ဂျပန် တရားရေး ဝန်ကြီးဟောင်း နှင့် ဇနီးအား ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ

၂၀၁၉ ခုနှစ် အတွင်းကျင်းပခဲ့သည့် ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲပေးနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) 

ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့ကြသည်။ 

ဂျပန် အောက်လွှတ်တော် အမတ်တစ်ဦး ဖြစ်သူ Kawai နှင့် ၎င်း၏ ဇနီးတို့သည် ပြီးခဲ့သောနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ Anri Kawai အနိုင်ရရှိစေရန် ပြည်သူ့ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်၍  မဲများဝယ်ယူခဲ့ကြောင်း သံသယရှိမှုဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့အရှုပ်တော်ပုံပေါ်ပေါက်လာခဲ့သဖြင့် ပြီးခဲ့သောရက်ပိုင်းတွင် အဆိုပါ ဥပဒေပြုအမတ်နှစ်ဦးသည် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးခေါင်းဆောင်သော လက်ရှိအာဏာရ ပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)၏ ပါတီဝင်အဖြစ်မှ နုတ်ထွက်စာတင်ခဲ့သည်။

Kawai တို့ဇနီးမောင်နှံ တင်သွင်းလာသော နုတ်ထွက်စာကို LDP ပါတီက လက်ခံ ရယူခဲ့ကြောင်း သိရသည်။ ဂျပန် တရားရေးဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီး  ဥပဒေပြုအမတ် Anri Kawai တို့အပေါ် ပြင်းထန်သော စွပ်စွဲမှုများရှိနေလင့်ကစား  ၎င်းတို့အနေဖြင့် ဥပဒေပြုအမတ် ရာထူးများကို စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။ (Xinhua)