Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ဟာဝိုင်အီတွင် အပြုသဘောဆောင်သော ဆွေးနွေးပွဲပြုလုပ်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ယန်ကျဲ့ချီသည် မကြာသေးမီကတောင်းဆိုချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် အမေရိကန် ဟာဝိုင်အီပြည်နယ်၌ အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဖြစ်သူ ယန်သည် ပွမ်ပီယိုနှင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်နိုင်ငံ ဆက်စပ်လျက်ရှိသော ကမ္ဘာနှင့် ဒေသတွင်းကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နှစ်ဘက်လုံးသည် ၎င်းတို့၏ ရပ်တည်ချက်များနှင့်ဆက်စပ်၍ ပြည့်ပြည့်စုံစုံရှင်းလင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုအဖြစ် အသိအမှတ်ပြုခဲ့သည်။ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး လုပ်ဆောင်ရန် သဘောတူခဲ့ကြပြီး နှစ်ဘက်လုံးအနေဖြင့် တွေ့ဆုံမှုနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။  (Xinhua)