ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပညာရှင်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပညာရှင်များ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး နှင့် ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ(၁) ရှာဖွေရေးတွင်း၌ စမ်းသပ်တိုင်းတာမှုများ အရ သဘာဝ ဓာတ်ငွေ့ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု လျှပ်စစ် နှင့် စွမ်းအင်...
မန္တလေး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းဘုရားပုထိုးများပေါ် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ တက်ရောက်ခြင်းမပြုရန် နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့စွဲဖြင့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၁ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ သွားရောက်၍ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro L. Locsin, Jr.နှင့်အတူ COVID -19 အဆုတ်ရောင်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အသက် ၈၇ နှစ်အရွယ် အဖိုးအို နှင့် ဇနီးဖြစ်သူ အသက် ၈၃ နှစ်အရွယ် အဖွားအိုတို့ နှစ်ဦးစလုံးမှာ COVID-19 ကူးစက်ခံစားနေရပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသည်။ အဖွားအိုသည် အယ်လ်ဇိုင်းမားရောဂါကို လွန်ခဲ့သည့် ၇ နှစ်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ (COVID -19) ကူးစက်ပျံ့နှံ့မှုအပေါ် မြန်မာနိုင်ငံမှ ပြည်သူများကလည်း အမြန်ဆုံးပျောက်ကင်းသက်သာစေရန် ဆုတောင်းပေးလျက်ရှိရာ ရန်ကုန်မြို့ရှိ အထင်ကရ လူစည်ကားရာ နေရာတစ်ခုဖြစ်သည့် Times City အဆောက်အဦတွင် “ဝူဟန့် ...
ပေကျင်း၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ နိုဗယ်လ်ကိုရိုနာကူးစက်ပြန့်နှံ့မှုအား ကာကွယ်ရန် အလို့ငှာ လိုအပ်သော နှာခေါင်းစည်းများထုတ်လုပ်ပေးရန် စက်ရုံအဆောက်အဦတစ်ခုကို နှာခေါင်းစည်းစက်ရုံတစ်ရုံအဖြစ် အချိန် ၆ ရက်အတွင်း အပြီးပြောင်းလဲ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လက္ခဏာများ စတင် ဖြစ်ပေါ်ခဲ့သည့် အချိန်မှစတင်၍ ရောဂါ ရှာဖွေ တွေ့ရှိသည် အထိ ကြာချိန်မှာ ပျမ်းမျှ ငါးရက် မပြည့်မီ (၄ ဒသမ ၉၅ ရက်) အတွင်း ဝေဒနာရှင်ကို ရောဂါ...