Connect with us

Politics, Law & Military

COVID -19 အဆုတ်ရောင် ရောဂါဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ  အထူးအစည်းအဝေးကျင်းပမည်

၂၀၁၉ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသော အာဆီယံအစည်းအဝေးတစ်ခု၌ တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ရိ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၁ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ သွားရောက်၍ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Teodoro L. Locsin, Jr.နှင့်အတူ COVID -19 အဆုတ်ရောင် ရောဂါဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ  အထူးအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်ဟု  ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အွန်လိုင်း ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ပြောကြားခဲ့ကြောင်း သိရသည်။

လာမည့်အစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များက မေးမြန်းခဲ့ကြောင်း သိရသည်။

ကိန်းစွမ်က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသလို အေးတူပူအမျှ အပြန်အလှန်လက်တွဲကူညီရိုင်းပင်းကြသည့် အစဉ်အလာများရှိခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် တရုတ်-အာဆီယံ ခေါင်းဆောင်များ အထူးအစည်အဝေးကျင်းပခဲ့ပြီး SARS ရောဂါကို အတူရင်ဆိုင်ကျော်လွှားခဲ့ကြောင်း ၊ COVID -19 အဆုတ်ရောင်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ အသီးသီးသည် ဆွေးနွေးညှိနှိုင်းမှုများ နီးကပ်စွာလုပ်ဆောင်ခဲ့သလို အပြန်အလှန်အားပေးထောက်ခံ့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ အချိန်တိုအတွင်း နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးပြုလုပ်ရန် ညှိနှိုင်းဆုံးဖြတ်နိုင်ခြင်းသည် 

တစ်လှေတည်းစီးတစ်ခရီးတည်းသွား လက်ရှိအခက်အခဲများကို အတူရင်ဆိုင်ကျော်လွှားမည့် သန္နိဌာန်ကို ပြသခြင်းပင်ဖြစ်ကြောင်း ဆိုသည်။ 

ယခု ကျင်းပမည့် အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက COVID -19 အဆုတ်ရောင်ရောဂါတိုက်ဖျက်ရေးတွင် ထိရောက်စွာဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ လက်တွဲကာ ရောဂါတိုက်ဖျက်ရေး အကြုံပြုချက်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ကြမည်ဖြစ်ကြောင်း ၊ ၎င်းမှာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား လက်တွဲပူးပေါင်း၍ ရောဂါတိုက်ဖျက်မှုများကို မြှင့်တင်ဆောင်ရွက်ရာတွင် တွန်းအားဖြစ်စေမည်ဖြစ်သလို လူမှုစီးပွား ပုံမှန်ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းရာတွင်လည်း တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း၊ ရေရှည်ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု စနစ်ကို တည်ဆောက်ရန်နှင့် ဒေသတွင်း နိုင်ငံပြည်သူများ၏ ကျန်းမာရေးနှင့်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် ဆွေးနွေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ပြည်သူကျန်းမာရေးကဏ္ဍအတွက် အကျိုးဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

အစည်းအဝေးကာလအတွင်း တရုတ်-အာဆီယံ ကျန်းမာရေးကဏ္ဍကျွမ်းကျင်ပညာရှင်များ အစည်းအဝေးကိုလည်း တစ်ချိန်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.