နန်နင်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သူ ၁၃၂ ဦးစလုံးကို DNA စစ်ဆေးခြင်းဖြင့် ဖော်ထုတ်အတည်ပြုနိုင်ခဲ့ကြောင်း အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua) ……………………… DNA testing of 132 victims...
ကိုလံဘို၊မတ် ၂၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံမြောက်ပိုင်းတွင် တရုတ်နိုင်ငံကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်သည့် ကျေးရွာလမ်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းစီမံကိန်းကြောင့် ဒေသခံများအတွက် သွားရေးလာရေးကြီးမားစွာ တိုးတက်ကောင်းမွန်လာစေခဲ့သည်။ ရှေးယခင်ကာလကတည်းက အကြောင်းကြောင်းကြောင့် သီရိလင်္ကာနိုင်ငံမြောက်ပိုင်းသည် နိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး ဒေသဖြစ်သည်။ ထိုဒေသရှိ ကျေးရွာအများစုကို ချိုင့်ခွက်များစွာဖြင့် အလွန်ကြမ်းတမ်းသည့် လမ်းများဖြင့်ချိတ်ဆက်ထားသည်။ ၂၀၂၀ ပြည့်နှစ်...
ဆန်းရှီး၊ မတ် ၂၉ ရက်(ဆင်ဟွာ) လျှပ်စစ်ဓါတ်အား ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်း၏ နောက်ကွယ်တွင် လူအချို့၏ ဘေးအန္တရာယ်ကြားမှ စွန့်စားလုပ်ဆောင်မှုများရှိသည်။ တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီး ပြည်နယ် ၏ ဝေးလံခေါင်ဖျားဒေသများကိုလျှပ်စစ်ပို့လွှတ်ရန် အရှည် ၁၇၆.၉ ကီလိုမီတာ ရှိသော အလွန်ဗို့ထ်အားမြင့်မားပြီးကြီးမားသည့် ဓါတ်အားပို့လွှတ်ရေး တာဝါတိုင်များ ချိတ်ဆက်သွယ်တန်းထားသည်။ ၎င်းမှာ...
ဒါကာ၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး MRT ရထားလိုင်းကို ဒီဇင်ဘာလ ၁၆ ရက်တွင် စီးပွားဖြစ်စတင် ပြေးဆွဲ သွားမည်ဖြစ်ရာ မြို့တော်ဒါကာ၏ ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေလျှော့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
နယူးရောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်အားစောင့်ဆိုင်းနေစဉ်အတွင်း ကုန်သည်များသည် ဝယ်လိုအားအခြေအနေကို ချိန်ဆနေသဖြင့် မတ် ၂၈ ရက်တွင် ရေနံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ မတ် ၂၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့တွင် နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်သော ကာကွယ်ရေးနှင့် လက်နက်ပြပွဲ Defense Services Asia 2022ပြပွဲ အား မတ် ၂၈ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ (Myanmar Automated Cargo Clearance System) MACCS စနစ်ကို စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေး က ဆင်ဟွာသို့...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့၌ ယနေ့(မတ် ၂၉ ရက်)နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်တစ်စီး တောင်စောင်းပေါ် ပျက်ကျမှုဖြစ်ပွားရာ ယာဥ်ပေါ်လိုက်ပါလာသူ (၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကွေ့တိန့်၊ မတ် ၂၉ ရက်(ဆင်ဟွာ) လက်ရှိ CCCC Second Highway Engineering Co.,Ltdနှင့်CCCC Fourth Highway Engineering Co.,Ltd.တို့ တာဝန်ယူတည်ဆောက်နေသည့် တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ် ကွေ့-ဟွမ် မြန်နှုန်းမြင့် အဝေးပြေး ပင်မလမ်းတည်ဆောက်မှုသည် ပြီးစီးတော့မည်ဖြစ်ရာ ယခုနှစ်အတွင်း လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။