Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး MRT ရထားလိုင်းကို ဒီဇင်ဘာလတွင်ဖွင့်လှစ်မည်

ဒါကာ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး MRT ရထားလိုင်းကို ဒီဇင်ဘာလ ၁၆ ရက်တွင် စီးပွားဖြစ်စတင် ပြေးဆွဲ သွားမည်ဖြစ်ရာ မြို့တော်ဒါကာ၏ ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေလျှော့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။၂၀.၁ ကီလိုမီတာအရှည်ရှိ စီမံကိန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် လုပ်ငန်းစုတစ်ခုဖြစ်သည့် Dhaka Mass Transit Company Limited (DMTC) က ဖက်စပ်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည်။

စီမံကိန်းကို တရုတ်နိုင်ငံ၏ Sinohydro နှင့် အီတလီ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း Italian-Thai Development (ITD) Public Company Limited နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီတစ်ခုတို့က ဒါကာရှိ MRT အမှတ် ၆ ရထားလမ်း၏ ပင်မ ရထားများဆိုက်ကပ် ရပ်နားရေးဘူတာ အဆောက်အဦကို ၂၀၁၇ ခုနှစ်မှ စတင်ကာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ITD-Sinohydro အကျိုးတူလုပ်ငန်းမှ Dai Jun က
“ MRT အမှတ် ၆ ရထားလိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး အကောင်အထည်ဖော်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ဒီလို သမိုင်းဝင်စီမံကိန်းမှာ ပါဝင်လုပ်ကိုင်ခွင့်ရလို့ အလွန်နက်ရှိုင်းစွာ ကျေနပ်ဂုဏ်ယူမိပါတယ်” ဟုဆိုသည်
ITD-Sinohydro အကျိုးတူလုပ်ငန်းမှ ဘေးကင်းလုံခြုံရေး ဒုတိယမန်နေဂျာဖြစ်သူ RABIUL HASAN CHOWDHURY က
“ကျွန်တော့်နာမည်က RABIUL HASAN CHOWDHURY ပါ၊ ဒီနေရာက သဲကန္တာရ တစ်ခုလိုပါပဲ၊ တရုတ်နိုင်ငံသားတွေနဲ့အတူ ကျွန်တော်တို့ဟာ နေ့နေ့ညည အတူအားထုတ်လုပ်ဆောင်ခဲ့လို့ ဒီနေ့ ဒီအခြေအနေ ဖြစ်လာခဲ့တာပါ” ဟုဆိုသည်
မြို့ပြအင်ဂျင်နီယာဖြစ်သူ NAZMUL ISLAM က
“ကျွန်တော့်နာမည်က NAZMUL ISLAM ပါ။ ဒါကာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေတော့ တော်တော်လျော့နည်းသွားပါလိမ့်မယ်၊ ကျွန်တော်တို့လည်းတစ်နေရာကနေ တစ်နေရာကိုအမြန်ဆုံးသွားလာနိုင်တော့မယ်လေ။ ဒါကာ က ဒေသခံတွေလည်းစိတ်လှုပ်ရှားရင်ခုန်နေကြတာပေါ့” ဟုဆိုသည်။

စီမံကိန်းပြီးစီးပါက တွဲပေါင်း ၆ တွဲပါ ရထားများ သည် တစ်နာရီလျှင် ခရီးသည် ၆၀,၀၀၀ ကို သယ်ယူပို့ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………….
(English Version)
Bangladesh’s 1st metro rail to open in December
Bangladesh’s first metro rail will begin commercial operations on Dec. 16, easing gridlock in capital city Dhaka.

Dhaka Mass Transit Company Limited (DMTC), a Bangladeshi state-owned enterprise is behind the 20.1-km project, with work being carried out by joint ventures.

A Joint Venture (JV) between China’s Sinohydro and Italian-Thai Development (ITD) Public Company Limited, a Thai company, has been building the main depot for MRT Line-6 in Dhaka since 2017 at a cost of about 180 million U.S. dollars.

SOUNDBITE 1 (English): DAI JUN, ITD-Sinohydro JV
“MRT Line-6 is the first ever metro rail project in Bangladesh. We feel deeply pleased and honored to have this chance to participate in such a milestone project.”

SOUNDBITE 2 (Bengali): RABIUL HASAN CHOWDHURY, Deputy safety manager of ITD-Sinohydro JV
“I’m Rabiul Hasan Chowdhury. This place was like a desert. Together with the Chinese, we’ve worked day and night to get where we are today.”

SOUNDBITE 3 (Bengali): NAZMUL ISLAM, Civil engineer
“I’m Nazmul Islam. Traffic congestion in Dhaka will be greatly reduced. We will be able to travel from one place to another in a very short time. Dhaka residents are excited.”

Once the project is completed, six-car trains will carry 60,000 passengers each hour.

Xinhua News Agency correspondents reporting from Dhaka.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.