အူလန်ဘာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ရာသီဥတုကြမ်းတမ်းမှုကြောင့် ငါးလတာကာလအတွင်း မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ရှစ်သန်းနီးပါးသေဆုံးကြောင်း သိရသည်။ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက မွေးမြူရေး တိရစ္ဆာန်သေဆုံးမှုနှုန်း ၂ ဒသမ ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။ ချမ်းအေးလွန်းသော ဆောင်းရာသီနှင့်အတူ နှင်းများထူထပ်စွာကျဆင်းခြင်း၊...
ရှန်ဟိုင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် မိုးကြိုးလျှပ်စီး အဝါရောင်အဆင့် ကြိုတင်သတိပေးချက်နှင့် မိုးသက်မုန်တိုင်း အပြာရောင်အဆင့် ကြိုတင်သတိပေးချက်များကို ၂၀၂၄ ခုနှစ်၊ ဇွန် ၁၈ ရက်၊ ၂၂ နာရီ ၁၀ မိနစ်တွင် ရှန်ဟိုင်းဗဟိုမိုးဇလဌာနက ထုတ်ပြန်ခဲ့သည်။ Meiyu မိုးရွာသွန်းမှုဖြစ်စဉ်၏ သက်ရောက်မှုကြောင့်...
ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်၊ ဟန်ချက်ညီမှု၊ ထိရောက်မှုနှင့်ရေရှည်ဖြစ်သော ဥရောပတိုက်လုံခြုံရေး မူဘောင် တည်ဆောက်ရန်မှာ သက်ဆိုင်ရာဘက်ပေါင်းစုံ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းရာလည်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်...
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေကြီးရေလျှံမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ အရေးကြီးညွှန်ကြားချက်များပေးခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုသည် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသများစွာ၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုနှင့် ဘူမိဗေဒဆိုင်ရာ...
ဖူကျိုး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နေရာအများအပြားတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ အတိုင်းအတာအမျိုးမျိုးဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။ ဇွန် ၁၈ ရက် ည ၇ နာရီထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖူကျန့်ပြည်နယ်ရှိ မြို့ ၆ ခု၊ ခရိုင်...
ကွမ်ကျိုး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် တုန်းကွမ်မြို့၌ ဥာဏ်ရည်ရှိ မောင်းသူမဲ့ သန့်ရှင်းရေးယာဉ် ၁၁ စီးအား တရားဝင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းယာဉ်များက သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအမြန်နှုန်း တစ်နာရီလျှင် ၅-၈ ကီလိုမီတာဖြင့် လုပ်ငန်းဧရိယာ စတုရန်းမီတာ ၈၆၀,၀၀၀ ခန့်...
နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ၌ စားရေရိက္ခာအကူအညီလိုအပ်သူ ၁ ဒသမ ၉ သန်းခန့်ရှိကြောင်းနှင့် ဇွန်လနှင့် ဩဂုတ်လအတွင်း စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇွန် ၁၈ ရက်နေ့တွင်ပြောသည်။ စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ မိုးနည်းရေရှားအရပ်ဒေသများ၌ ဇွန်-ဇူလိုင်-ဩဂုတ်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ကပြောသည်။...
ကူမင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ အပွင့်နှစ်ပွင့် ပါရှိသည့် ကြာပန်းပွင့်အမြွှာအား တွေ့ရှိခဲ့ရပြီး ယင်းမှာ တရုတ်ယဉ်ကျေးမှုတွင် ချစ်ခြင်းမေတ္တာနှင့် ကံကောင်းခြင်း အမှတ်သင်္ကေတ ဖြစ်ပါသည်။ (Xinhua) ……………………………………… (English Version) Twin lotus flowers spotted...
ဗလာဒီဗော့တော့ခ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ ပစိဖိတ်စစ်သင်္ဘောအုပ်စုက ဇွန် ၁၈ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် သင်္ဘောများအား စတင်တပ်ဖြန့်လိုက်ကြောင်း ဒေသတွင်းမီဒီယာများက ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua) ………………………… (English...
ဘရပ်ဆဲလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ဘယ်လ်ဂျီယံနိုင်ငံ Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix နှင့် အေဂျင်စီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဘရပ်ဆဲလ်မြို့တွင် ဇွန် ၁၈ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။...