Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ်အား ဟန်ဂေရီ ဘာသာစကား ဖြင့် ဘူဒါပက် တွင် စတင်ဖြန့်ချိခြင်း အခမ်းအနား ကျင်းပ
ဘူဒါပက် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” အား ဧပြီလ ၂၄ ရက်နေ့တွင် ဟန်ဂေရီ နိုင်ငံ ၏ မြို့တော် ဘူဒါပက် တွင် စတင်ဖြန့်ချိခြင်း အခမ်းအနား တစ်ရပ် ကျင်းပခဲ့ပြီး တရုတ် နိုင်ငံ CPC ကော်မတီဝင် ၊ ဗဟို ကော်မတီ ပြန်ကြားရေးဋ္ဌာန ဌာနမှူး လျိုချိပေါင်(Liu Qibao) နှင့် ဟန်ဂေရီ နိုင်ငံ လွှတ်တော် အမြဲတမ်း ဒုတိယ ဥက္ကဋ္ဌ Mattroi တို့တက်ရောက်ကာ နှုတ်ခွန်းဆက် အမှာစကား ပြောကြား ခဲ့ကြသည်။
လျိုချိပေါင် က အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် တွင် ပါတီ နှင့် နိုင်ငံ စီမံအုပ်ချုပ်မှု ပိုင်းဆိုင်ရာများနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် များအပေါ် စီမံခန့်ခွဲသည့် ရှုထောင့် များနှင့် ပတ်သက်သော ကြွယ်ဝသော အကြောင်းအရာ များပါရှိကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကို ဗဟိုပြု၍ လက်ရှိ တရုတ် နိုင်ငံ ပြည်တွင်းအခြေအနေ နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု များကို အခြေခံကာ ဖော်ဆောင်ခဲ့သည့် နိုင်ငံတော် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာ အတွေးအမြင် သစ်များ ပါရှိကြောင်း ၊ ခေတ်သစ် အခြေအနေ အရပ်ရပ်အောက်တွင် ပါတီ နှင့် နိုင်ငံတော် တို့အတွက် ဆောင်ရွက်ခဲ့သော အရေးပါသည့် သီအိုရီ နှင့် လက်တွေ့ဆောင်ရွက်မှု များပါဝင်ကြောင်း ၊ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် သည် ခေတ်သစ် စဉ်စားတွေးခေါ်မှု နှင့် မဟာဗျူဟာ သစ်များအား စုစည်းထားကြောင်း ၊ ယင်းစာအုပ် မှ တစ်ဆင့် ဟန်ဂေရီ နိုင်ငံသားများ မှ တရုတ် နိုင်ငံ အား ပိုမို နားလည်စေမည့် ပြတင်းတံခါး တစ်ခု ဖြစ်ကာ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင် ၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း နှင့် ပြည်တွင်းပြည်ပ မူဝါဒ များကို ပိုမို သိရှိနားလည် စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Mattroi က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု သည် လူတိုင်းတွေ့မြင်ရသည့် အဖြစ်အပျက် တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ရပ်တည်မှု သည်လည်း ကမ္ဘာ့ဆက်ဆံရေး တွင် လျစ်လျူရှူ ၍ မရသော အရာတစ်ခု ဖြစ်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် သည် ဟန်ဂေရီ နိုင်ငံသား များမှ တရုတ် နိုင်ငံ အပေါ် သိရှိနားလည်မှု ကို ပိုမို တိုးမြှင့်စေနိုင်မည် ဖြစ်ပြီး ဟန်ဂေရီ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ ဆက်ဆံရေး ကို တိုးမြှင့်စေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” ဟန်ဂေရီ ဘာသာ ဖြင့် ထုတ်ဝေသော စာအုပ်သည် ၁၉ အုပ်မြောက် နိုင်ငံခြား ဘာသာ ဖြင့်ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး အရှေ့ဥရောပ အလယ်ပိုင်းတွင် နိုင်ငံခြား ဘာသာဖြင့် ပထမ ဦးဆုံး ထုတ်ဝေ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)