Connect with us

Politics, Law & Military

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် မာကယ် နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံ ဆွေးနွေး

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် မာကယ် နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ဘာလင် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ် သည် ဧပြီလ ၂၅ ရက်နေ့ ၌ ဘာလင်မြို့တွင် ဂျာမနီ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီး နှင့် တတိယ အကြိမ်မြောက် တရုတ်-ဂျာမနီ နိုင်ငံခြားရေး နှင့် လုံခြုံရေး မဟာဗျူဟာ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့်တွေ့ဆုံ ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း မာကယ် က ဂျာမနီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု များစွာရရှိခဲ့သည့် အတွက် လွန်စွာ ချီးမွမ်းကြောင်း ၊ ယခုနှစ်အတွင်း အရေးပါသည့် တွေ့ဆုံမှု အသီးသီး မှ တစ်ဆင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ပြည့်စုံစေရန် ဖြည့်စွက် သွားလိုကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို ထောက်ခံပြီး ပြည်တွင်းခရီးစဉ်များကြောင့် မိမိအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး သို့ စီးပွားရေး နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ကို ကိုယ်စား အဖြစ်စေလွှတ်မည် ဖြစ်ကြောင်း ၊ ယင်းအစည်းအဝေး မှ အောင်မြင်မှု များစွာ ရရှိရန် ကိုလည်း ဆုမွန်ကောင်းတောင်းကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် G-20 အစည်းအဝေး ကျင်းပရန် အတွက် တက်ကြွစွာ ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နေပြီး တရုတ် နိုင်ငံ ၏ ထောက်ခံအားပေးမှုအောက်တွင် အောင်မြင်မှုများစွာရရှိနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ယခုနှစ်သည် တရုတ်-ဂျာမနီ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၄၅ နှစ်ပြည့်သော နှစ်ဖြစ်သောကြောင့် ထိုမှတစ်ဆင့် တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ အဆင့်မြင့် အရာရှိတွေ့ဆုံမှု များစွာရှိကာ ထိုမှတစ်ဆင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဝါဒကို ခိုင်မြဲစွာရပ်တည်ခြင်း ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ကို ထိန်းသိမ်းခြင်း ၊ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုခြင်း ၊ လွှတ်လပ်စွာ ကုန်သွယ်မှု စနစ်ကို ထိန်းသိမ်းခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတူတကွ လက်ခံကာ တွန်းအားပေး ဆောင်ရွက်လိုခြင်း တို့ကို ပြင်ပ နိုင်ငံ များသို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ မှ ကျင်းပမည့် G-20 အစည်းအဝေး ကို ဆက်လက် ထောက်ခံသွားလိုကြောင်း ၊ တရုတ်-ဂျာမနီ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး သွားမည် ဖြစ်ပြီး တရုတ်-ဂျာမနီ နှစ်နိုင်ငံ ၏ တည်ငြိမ်သော ဆက်ဆံရေး မှ တစ်ဆင့် ကမ္ဘာ့လုံးဆိုင်ရာ မသေချာမရေရာမှု တို့ကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် “တရုတ် နိုင်ငံ မှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် သို့ဝင်ရောက်သည့် သဘောတူညီမှု စာချုပ်” ၏ အမှတ်စဉ် ၁၅ ပါ အချက်အလက် နှင့် နှစ်နိုင်ငံမှ အတူတကွ စိတ်ဝင်စားသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပြီး သဘောထား အမြင်များကို ဖလှယ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.