Connect with us

Politics, Law & Military

သီရိလင်္ကာ နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် ဘက်စုံပူးပေါင်းပါဝင်သွားရန် အသင့်ရှိကြောင်း ပြောကြား

သီရိလင်္ကာ နိုင်ငံ ရေနံအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး Weerakkody အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ ရေနံအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး Weerakkody က တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် ရေရှည်အမျှော်အမြင်များ ပြည့်ဝစွာ ပါရှိပြီး သီရိလင်္ကာ နိုင်ငံ အနေဖြင့် ဘက်စုံပူးပေါင်းပါဝင်သွားရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း ဧပြီလ ၂၄ ရက်နေ့က ပြောကြား ခဲ့သည်။

Weerakkody က ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ တက္ကသိုလ် တွင် ကျင်းပ သည့် “၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီး” တောင်အာရှ သုတေသန စင်တာ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်စဉ် တွင် ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် လမ်းကြောင်း တစ်လျှောက် နိုင်ငံ များအတွက် အရင်းအမြစ်အတူတကွ မျှဝေခြင်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စုစည်းပေးသည့် စင်မြင့် တစ်ခုဖြစ်သောကြောင့် သီရိလင်္ကာ နိုင်ငံ အပါအဝင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို ပါဝင်သည့် နိုင်ငံ များအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Weerakkody က တရုတ် နိုင်ငံ သည် သီရိလင်္ကာ နိုင်ငံ ၏ မိတ်ဆွေသူငယ်ချင်း အစစ်အမှန် နိုင်ငံ ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံ မှ လိုအပ်မှု အရှိဆုံး အချိန်တိုင်းတွင် ကူညီဆောင်ရွက်မှု များပြုလုပ်ပေးခဲ့ကြောင်း ၊ သီရိလင်္ကာ နိုင်ငံ ၏ စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် တရုတ် နိုင်ငံ အစိုးရ မှ ချေးငွေများ ပေးအပ်ခဲ့ပြီး ဆိပ်ကမ်း ၊ အဝေးပြေးလမ်း နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စသည့် အခြေခံအဆောက်အအုံ များကို တည်ဆောင်ပေးခဲ့ကာ သီရိလင်္ကာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု ဌာန ဌာနမှူး လျိုတုန်း က ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တောင်အာရှ သုတေသန စင်တာ ထူထောင်ပြီးနောက်ပိုင်းတွင် တရုတ် နိုင်ငံ နှင့် သီရိလင်္ကာ နိုင်ငံ အကြား ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသည့် အောင်မြင်မှု များရရှိစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.