Connect with us

Asia

ပစိဖိတ်နိုင်ငံများ၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃.၃ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၄ ရာခိုင်နှုန်း ရှိနိုင်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

မနီလာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ပစိဖိတ်ဒေသခွဲ နိုင်ငံများ၏ စီးပွားရေးသည် ယခုနှစ်တွင် ၃.၃ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် ၄ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဩဂုတ် ၁၄ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ပါပူအာ နယူးဂီနီနိုင်ငံ၌ သယံဇာတအရင်းအမြစ် ထုတ်ယူမှု ပြန်လည်ကောင်းမွန်လာခြင်း၊ ခရီးသွားလုပ်ငန်းအပေါ် အမှီအခိုပြုနေရသည့် နိုင်ငံအများစု၌ ခရီးသွားဝင်ရောက်မှုများ တည်ငြိမ်လာခြင်းနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းများ၏ အားဖြည့်ထောက်ကူခြင်းတို့သည် စီးပွားရေးတိုးတက်မှုကို မောင်းနှင်ပေးလိမ့်မည်ဟု ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာစောင့်ကြည့်မှု အစီရင်ခံစာ (PEM) က ဆိုသည်။

သို့ရာတွင် လုပ်သားရှားပါးမှုများ၊ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု လျော့နည်းလာမှု၊ သဘာ၀ဘေးအန္တရာယ်နှင့် ဆက်လက်ကြုံတွေ့နေရမှု၊ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများနှင့် ထောက်ပံ့ကွင်းဆက် မတည်ငြိမ်မှု အပါအဝင် အကျဘက်သို့ဆင်းနိုင်သည့် အန္တရာယ်နှင့် ပတ်သက်၍ ယင်းအစီရင်ခံစာက သတိပေးခဲ့သည်။

ပစိဖိတ်ဒေသရှိ စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံ ၁၄ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ မူဝါဒရေးရာတို့နှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က တစ်နှစ်နှစ်ကြိမ်ထုတ်ပြန်သော အစီရင်ခံစာဖြစ်သည့် လတ်တလော PEM အစီရင်ခံစာတွင် ပစိဖိတ်ဒေသ၌ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးကို ရှုထောင့်အမျိုးမျိုးမှ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာသည် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးနှင့် ပစိဖိတ်ဒေသအတွင်း အများပြည်သူဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခိုင်မာအားကောင်းစေရေးတို့ကို မီးမောင်းထိုးပြခဲ့သည်။

ကြံ့ကြံ့ခံနိုင်စွမ်းရှိစေမည့် ဖြေရှင်းနည်းများအား တီထွင်ကြံဆနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲ ပစိဖိတ်ကျွန်းနိုင်ငံငယ်များ၏ ထိရှလွယ်မှုနှင့် အားနည်းချက်တို့ကို နားလည်သိရှိရန် လိုအပ်နေခြင်းကို အခြားမူဝါဒရေးရာအကျဉ်းချုပ်ဖော်ပြချက်တွင် မီးမောင်းထိုးပြခဲ့သည်။ (Xinhua)

…………………….
(English Version)
Pacific’s GDP to grow 3.3 pct in 2024, 4 pct in 2025: ADB
MANILA, Aug. 14 (Xinhua) — The Pacific subregion economy is forecast to grow 3.3 percent this year and 4 percent in 2025, according to an Asian Development Bank (ADB) report released on Wednesday.
The Pacific Economic Monitor (PEM) says the recovery of resource extraction in Papua New Guinea, stable visitor arrivals in most tourism-dependent economies, and stimulus from public infrastructure projects will drive the growth.

However, the report also cautioned several downside risks, including labor shortages, reduced fiscal space, continued exposure to disaster risk, and volatility in global commodity prices and supply chains.

The latest PEM, a biannual review by the ADB on economic developments and policy issues of 14 developing economies in the Pacific, explores various aspects of building resilience in the Pacific. The report spotlights building resilient infrastructure, bolstering climate resilience, and strengthening public financial management within the unique Pacific context.

Another policy brief highlights the need to understand the vulnerability and fragility of Pacific small island developing states to develop solutions for resilience. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.